🥦 Chapter 9

843 92 1
                                    

🥦 Chapter 9
🥦 Lin Wan is Su Daji, Causing Chaos in The Imperial Court
 

နောက်ဆုံးမှာတော့ အကောင်းဘက်မှဦးတည်ရေးထားသည့်ကောမန့်များဆက်တိုက်ဆိုသလို  စခရင် ပေါ်လျင်မြန်စွာတက်လာခဲ့သည်။

[စူပါမားကတ်မှာ မုန်လာဥတွေစျေးတက်တော့မယ်ဆိုတာ ငါ သေချာပေါက်ပြောနိုင်တယ်။ မြန်မြန်သွား ပြီး အများကြီးဝယ်ထားမှဖြစ်မယ်!]
 

[ငါတို့ အားလုံးအမျိုးသမီးတွေပဲလေ၊ ဘယ်မိန်းကလေးကများ ကိုယ့်ခင်ပွန်းရဲ့ဂရုစိုက်တာကို မခံချင်ပဲ နေပါ့မလဲ ?]
 

[အဲ့ဒါ အမှန်ပဲ၊ ဒါပေမယ့် အခုခေတ်အမျိုးသားတွေက ကိုယ့်သားသမီးကိုဦးစားမပေးဘဲ မယားငယ်ကိုပဲ ဖူးဖူးမှုတ်နေကြတယ်။ တကယ်တော့ အဲ့လိုမျိုးကို ဖခင်တာဝန်ကျေတယ်လို့မခံစားရဘူး

 
[အခု ငါတို့က ကလေးတွေအတွက် တရားတဲ့ဘက်က တိုက်ပွဲဝင်နေတာလား ? ဒါမှမဟုတ် အားလုံး ပြီးပြည့်စုံနေတဲ့ လင်းဝမ်ရဲ့ဘဝကို မနာလိုဖြစ်နေကြတာလား ?]
 

မနက်မွန်းတည့်ချိန်မတိုင်မီတွင် လီယန်ချန်သည် သူ(မ)အား နှစ်ကြိမ်တိုင်တိုင် လိုက်လံရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
 

လီမိသားစု၏ခြံဝင်းထဲ၌ လီကျို့ရွှမ်တစ်ယောက် ဖခင်ဖြစ်သူ၏ညွှန်ကြားချက်များနှင့်အညီ ပုဆိန်ဖြင့် ထင်းတုံးကိုခုတ်ထစ်ရန်ပြင်ဆင်နေသည်။
 

လီယန်ချန်သည် ထင်းတုံးကို ဒေါင်လိုက်အနေထားဖြင့် ထောင်ထားပြီးခုတ်ရန်နှင့် ခုတ်နေစဥ်အတွင်း ထင်းတုံးကို လက်ဖြင့်ကိုင်မထားရန်ပြောခဲ့သည်။ ဒီနေရာမှာ မိမိခွန်အားကို ကောင်း ကောင်းမထိန်းချုပ် နိုင်လျှင် ပုဆိန်သည်ထင်းခုတ်သူ၏လက်ကိုလွဲချော်၍ခုတ်မိသွားနိုင်သည်။
လီကျို့ရွှမ်သည် သူ့ ရှိသမျှခွန်အားကုန်အသုံးပြုခဲ့သော်လည်း ဘယ်လိုမှ ထင်းတုံးကိုခွဲလို့မရနိုင်ခဲ့ချေ။

 
"ကော၊ ကော ခဏ နားလိုက်ဦး၊ ကျွန်တော် လုပ်တာကိုကြည့်လိုက်။”
 

 လီကျို့ရှင်း၏ပုဆိန်သည် တကယ်ကြီးသစ်သားတုံးကိုခွဲချပစ်လိုက်နိုင်သည်။

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now