🥦 Chapter 6

711 81 0
                                    


🥦 Chapter 6

🥦 Does Your Face Hurt, Everyone ?


"ငါ့မိန်းမက ဟာသ‌ပြောရတာ ကြိုက်တာပဲ" ဟု လီယမ်ချန်ကပြောလိုက်သည်။


"Effect မပါတဲ့ Original Camera နဲ့ရိုက်တာ ပိုမကောင်းဘူးလား...? ဒီအစီအစဉ်ရဲ့ရည်ရွယ်ချက်က လည်း ငါတို့ရဲ့ နေ့စဉ်ဘဝနဲ့အရေးကြီးဆုံးအပိုင်းကိုပြဖို့ပဲလေ။ ငါတို့ မိသားစုရဲ့ချောမောခန့်ညားမှုနဲ့တင် အားလုံးကိုအနိုင်ယူပစ်လိုက်လို့ရတယ်။"


လီယန်ချန်သည် သူ့ကိုယ်သူ သို့မဟုတ် သူ့သားတွေကိုပဲ ချီးကျူးနေလေသလားမသိချေ။ လီယန်ချန်၏ ကြွားဝါနေသည့်အသံသည် ကြည့်ရှုသူများထံမှအရိုက်ခံဖို့တောင်းဆိုနေသလိုပင်။


ဝန်ထမ်းအချို့အလုပ်ရှုပ်သွားကြသည်။ ၎င်းတို့အချင်းချင်းယောကျာ်းဖြစ်သူနှင့်မိန်းမကြားစကားငြင်းခုံ နေသည်ဟုထင်ရသော်လည်းကိုယ်ရည်ကိုယ်သွေးပြောနေပုံပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ လီယန် ချန်သည် ၎င်းတို့မိသားတစ်စုလုံး၏ရုပ်ရည်ချောမောခန့်ညားမှုသည်ကိုဝန်ခံခဲ့သည်။ သူပြောတာ အမှန် ပဲမဟုတ်ဖူးလား ?


"ကောင်းပြီ ဒါဆို ကျွန်တော်တို့ နောက်ဆယ်မိနစ်အတွင်းစကြမယ်"


ပြီးနောက် ဝန်ထမ်းများသည် အချိန်ကိုစတင် ရေတွက်တော့သည်။


[စတော့မယ်ထင်တယ်! စတော့မယ်ထင်တယ်! ငါ တကယ်ကြီးစောင့်နေတာ...]


[အခုမှ ခုနစ်မိနစ်ပဲရှိသေးတယ်။ ငါတို့ရဲ့ ရွှမ်ရွှမ်လေးက အခုထိသူ့အိပ်ယာထဲမှာပဲရှိနေသေးတာလား မသိဘူး ? သူ ပုံမှန်အချိန်တွေမှာ ဘယ်လိုနေနေလဲဆိုတာ ငါ တကယ်သိချင်မိတယ်။]


[ရှေ့အပတ်ကလာခဲ့တဲ့ဧည့်သည် လင်းကော်ကော်တို့မိသားစုထပ်ရောက်လာလိမ့်မယ်။ သူ(မ)က ဒီနေ့ မိသားစုတွေထဲက တစ်စုဆီကိုသွားလည်မယ်လို့ကြားထားတယ်။ သူတို့ ရွှမ်ရွှမ်တို့မိသားစုဆီသွားဖို့ ငါ တကယ်ကြီးမျှော်လင့်နေမိတယ်။]

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now