[ရွှမ်ရွှမ်က အစားကိုနည်းနည်းလေးပဲစားတာနော်၊ အောင်မြင်တဲ့ Cele တစ်ယောက်ဖြစ်ဖို့ကလွယ်မနေ ဘူး​ပဲ!]

[လင်းဝမ်နဲ့ရှမ်းမန်တို့က WeChat ထဲမှာ သူငယ်ချင်းတွေများလား ? သူတို့နှစ်ယောက်လုံးတစ်ချိန်တည်း ဖုန်းထုတ်လိုက်တာကို ငါ မြင်လိုက်တယ်]

[သူ့လိုမိန်းမမျိုးနဲ့ ဘယ်သူကများ သူငယ်ချင်းဖြစ်ချင်နေတာလဲ ? ]

[ရှန်းမန်က QW East China ရဲ့အရောင်းဒါရိုက်တာတစ်ယောက်လေ!!! ပြီးတော့ QW က ဘာတွေလုပ် တာလဲဆိုတာရော နင်တို့ သိကြရဲ့လား ? သူတို့ဆီမှာက ဇိမ်ခံအိမ်သုံးပစ္စည်းတွေနဲ့ပဲပြည့်နေတာလေ!!! အဲ့ဒါကြောင့်...]

[လီယန်ချန်က အဝတ်အထည်လုပ်ငန်းမှာလဲနေရာတစ်ခုရနေတဲ့အပြင် အိမ်ခြံမြေလုပ်ငန်းမှာလဲ လူ သိ များတယ်လေ၊ တကယ်လို့များ ရှန်းမန်သာ လီယန်ချန်နဲ့ပူပေါင်းလိုက်ရင် ယန်မြို့တော်ရဲ့ထိပ်တန်းအိမ် ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းစုသုံးခုရဲ့တစ်ခုက သူတို့ရဲ့ အဖိုးတန်အိမ်ရာတွေမှာ QW ရဲ့စမတ်ကျတဲ့အိမ်သုံး ပစ္စည်းတွေကို သုံးပြုခဲ့မယ်ဆိုရင် သူရဲ့ရောင်းအားကပုံမှန်ထပ်သုံးဆဖြစ်သွားမှာသေချာပေါက်ပဲ!!!]

[မှန်တယ်၊ ငါလဲ အဲ့လိုပဲထင်တာ!!]

[ချမ်းသာတဲ့သူတွေ အချင်းချင်းမိတ်ဆွေဖြစ်ချင်နေကြတာ အံ့သြစရာမရှိပါဘူးလေ!!]

[နင်တို့ မနာလိုဖြစ်မနေကြနဲ့၊ ဒါက သူတို့စီးပွားရေးအတွက်မိတ်ဆွေဖြစ်ချင်နေကြတာလေ!!!]

လီကျို့ခိုင်သည် ဖခင်ဖြစ်သူမှ လင်းဝမ်အားပြုံးပြုံးကြီးစိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည့်အခါ သူ့၏ နှလုံးသားထဲမနာလိုစိတ်များဖြင့်တင်းကြပ်သွားသည်။ သူ့အဖေက သူ့အမေ့ကိုအရမ်းချစ်ခဲ့ကြောင်းနှင့် ယခုလိုပင် အဖေမှ အမေ့အား အရိပ်တကြည့်ကြည့်ဖြင့်စိုက်ကြည့်နေတတ်ကြောင်း အဘိုးပြောဖူးခဲ့ သည်။ သူ့အမေသည် မိသားစုအတွက်အများကြီးပေးဆပ်ခဲ့တာကြောင့် မည်သူမှမေ့လို့မရခဲ့ကြောင်း အဘိုးဖြစ်သူမှပြောပြခဲ့ဖူးသည်။

ဖခင်ဖြစ်သူကိုကြည့်ရသည်မှာ မိခင်အားမေ့သွားပုံရသည့်အတွက် လီကျို့ခိုင်သည် စိတ်ပျက်စွာဖြင့် ထိုင်ခုံပေါ်မှဖြည်းညှင်းစွာထလိုက်ပြီးနောက်

အသုံးမ၀င်သောမိထွေးသည် လင်ပါသားများအား Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now