"ကိုကြီးဘက်ကချစ်ရုံနဲ့မရဘူးလား"

"အထင်တွေအမြင်တွေက ခိုင်မာတဲ့သက်သေမဖြစ်နိုင်ဘူး အက္ခရာ ငါက မျက်မြင်သက်သေရချင်တာ မင်းကရှေ့နေပဲ ငါ့ထက်ပိုသိပါတယ်"

ထိုအချိန်က ခရာ လွယ်လွယ်နှင့်ခေါင်းညိတ်ပေးခဲ့၍ ကိုစည်းဘက်ကလည်း နောက်ဆုတ်ခွင့်ပေးမှာမဟုတ်။
ကိုကြီးရဲ့ညှို့ယူဖမ်းစားနေပုံတွေကြောင့် တစ်ခါမှရည်းစားမထားဖူးသော နှလုံးသားက ခုန်ပေါက်နေတတ်ပြီဖြစ်ကာ ငါစိတ်မယိုင်ပါဘူးဟု ကြွေးကြော်ဖို့လည်း မသေချာတော့...

"မင်းစည်းစိမ်ကို နင်ဂရုမစိုက်စမ်းနဲ့ ခရာရယ် သူပြောသလိုဆို နင်တန်ခိုးကိုငြိသွားလိမ့်မယ် အခုတောင်အိပ်မပျော်ဖြစ်နေပြီမလား နောက်ထပ်ဘာမှမဖြစ်ခင် အမရာနဲ့ကစားပွဲကို အဆုံးသတ်လိုက်တော့"

"မရာပြန်လာဖို့က လိုသေးတယ်"

"လိုသေးလည်း ၃ရက်လောက်တော့ နေလို့ဖြစ်ပါတယ် အမရာ့ကိုခေါ်ပြီး တန်ခိုးနဲ့ထိပ်တိုက်တွေ့လိုက် နင်တို့၃ယောက် မျက်နှာချင်းဆိုင်ပြီးရှင်း"

"အဲ့ဒါကတော့ များသွားပြီ ကိုကြီးအတော်လေးဒေါသဖြစ်သွားမှာ"

"ဖြစ်လည်းဖြစ်ပါစေပေါ့ သူ့အတွက်စိတ်ပူမနေနဲ့ အဓိကက နင်နိုင်နေပြီဆိုတာ အမရာသိဖို့ပဲလိုတာ အဲ့လိုသိသွားရင် နင့်ကိုငြိနေတဲ့တန်ခိုးရဲ့စိတ်ကိုလည်း သူသိသွားမယ် အဲ့လိုဆို သူ့စကားအတိုင်း တန်ခိုးကိုဖြတ်မှာပဲ"

"အေးလေ မင်းစည်းစိမ်အတွက်ပါ အဆင်ပြေတယ်"

ဖြစ်နိုင်ချေရှိသောစကားတွေကြောင့် ခရာ နည်းနည်းတော့တွေဝေသွားမိကာ ချောရဲ့စကားဟာ ခရာတို့ကစားပွဲအတွက် အသင့်တော်ဆုံးမို့ ခေါင်းလေးညိတ်လိုက်သည်။
သို့ပေမယ့် မျက်လုံးထဲဝင်လာသည်က ကိုကြီးရဲ့မျက်နှာချောချော...

"မင်းသာ ငါ့ရဲ့Aphroditeဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့"

"ငါတို့တွဲရအောင်"

ခရာကြက်သီးထသွားမိသောကြောင့် ခေါင်းခါပစ်ရင်း အတွေးတွေကိုမောင်းထုတ်ပစ်လိုက်ကာ မျက်နှာကျက်ကြီးကို ငူငူကြီးကြည့်ပြီး ကြမ်းပြင်မှာ ဒီအတိုင်းလှဲချလိုက်သည်။
ချောတို့က ခရာ့အဖြစ်ကိုကြည့်ကာ ခပ်တိုးတိုးရယ်လိုက်ကြပြီး ခရာ့ဘေးတစ်ဖက်တစ်ချက်စီမှာ လှဲအိပ်လိုက်ရင်း...

PlayersWhere stories live. Discover now