Part-26(U+Z)

164 4 0
                                    

Unicode

🎶 နှလုံးသားရဲ့ ဂီတ 💛

-------- အပိုင်း (၂၆) --------

"မိုးတောင်ချုပ်တော့မယ်....ဒုက္ခပါပဲ!
နယော အခုထိလည်း ပြန်မရောက်လာသေးဘူး"

ထားထားက အိမ်ရှေ့နဲ့အိမ်နောက်ကို
ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းနဲ့ စိတ်ပူပန်စွာ
ပါးစပ်ကလည်း တတွတ်တွတ်ရေရွတ်လို့နေသည်။

တကယ်ဆို သူမ မှားတာပါ။
နယောက သွားချင်တယ်ဆိုရင်တောင်
တစ်ယောက်တည်းတော့မလွှတ်လိုက်သင့်ဘူး။
အပြင်တွေဘာတွေလည်း သွားလေ့သွားထ
ရှိတာမဟုတ်ဘဲနဲ့ ... လမ်းတွေဘာတွေ
ပျောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်။
မကောင်းတဲ့သူတွေနဲ့များတွေ့ခဲ့ရင်...အို! ...
ဘုရား...ဘုရား....လွဲပါစေဖယ်ပါစေ.....။

ကိုယ့်အတွေးနဲ့ကိုယ် ပြန်ကြောက်လန့်ကာ
ထားထားမှာ ဘုရားတွေတ,ရင်းက
ထိုင်မရထ,မရပင် ဖြစ်လို့နေပြန်သည်။

"အဲ့ဒါ..အကိုလေးကြောင့်!
အကိုလေးသာ ဟိုမိန်းကလေးနဲ့
အနေအထိုင်ဆင်ခြင်ခဲ့ရင်
နယောလေး အခုလိုခံစားရမှာမဟုတ်ဘူး!
အကိုလေး မကောင်းလို့ဖြစ်ရတာ!! "

Rainသာရှေ့မှာရှိနေရင် ဒီလိုအပြစ်ဆိုဖို့မပြောနှင့်၊
စိတ်ထဲကနေရင်တောင်မှ ထားထားမတွေးရဲပေမဲ့
ခုတော့ Rainလည်းမရှိနေတာကြောင့်
ပေါ်ပေါ်ထင်ထင်ပဲ ထားထားက
မကျေမနပ်နှင့် အပြစ်တင်ပစ်လိုက်သည်။

"စိတ်ညစ်ပါတယ် ...
ဘာလို့စက်ပိတ်ထားရတာလဲ နယောရယ်
ဆက်သွယ်လို့လည်းမရဘူးး
ထားထား စိတ်တွေပူလိုက်တာ...."

'စက်ပိတ်ထားပါတယ်'ဆိုသည့်အသံအား
အခါခါကြားနေရပေမဲ့ ထားထားကတော့
ဇွဲမလျော့ဘဲ ရလိုရငြား၊ နယော၏ဖုန်းအား
သုံးလေးကြိမ်လောက်ဆက်တိုက်
ဆက်နေမိတုန်းပင်။

"အကိုလေးနဲ့များ တွေ့နေပြီလားမသိဘူး
မတွေ့သေးဘူးဆိုရင်တောင်
နယော ပြန်မရောက်သေးဘူးဆိုတာကိုသိရင်
အကိုလေးကတော့ လိုက်ရှာပေးမှာပဲ"

စောနလေးတင် Rainအား
သူမအပြစ်တင်ခဲ့တာတွေကိုမေ့ပစ်လိုက်ပြီး
ထားထားက အားကိုးတကြီးနဲ့
သူမ အလွတ်ကျက်ထားသည့် Rainနံပါတ်အား
ဖုန်းခွက်က ခလုတ်လေးတွေဆီမှာ
လိုက်နှိပ်လိုက်သည်။

နှလုံးသားရဲ့ ဂီတ(နှလုံးသားရဲ့ ဂီတ)Onde histórias criam vida. Descubra agora