Part 18 (U+Z)

238 3 1
                                    

Unicode

🎶 နှလုံးသားရဲ့ ဂီတ 💛

-------- အပိုင်း (၁၈) --------

"နယော တစ်လုပ်တည်းစားတာ~ ကိုကို "

လက်ညှိုးလေးတစ်ချောင်းထောင်ကာ
နယောပြောလာပေမဲ့
တစ်ဝက်ပင်ကျိုးနေပြီဖြစ်သည့်ကိတ်နှင့်
ခရင်မ်တွေပေပွနေသည့်နယောနှုတ်ခမ်းတို့က
တစ်လုပ်မကမှန်း သိသာလွန်းလှသည်။

"နယောသံ!! ကိုကို ဘာပြောထားလဲ
အချိုတွေအစားများလို့ ချောင်းဆိုးရင်ကျပ်ရင်
နှလုံးကိုပါထိခိုက်လိမ့်မယ်လို့
ဆရာဝန်ကလည်း မှာထားတာကို "

"ဟွန့်.."

Rainဆူတော့ နယောကနှုတ်ခမ်းလေးစူသည်။
သွေး အလယ်ကနေ ငြိမ်မနေနိုင်တော့။

"ဟို.. နယောကိုမဆူပါနဲ့နော်
သွေးက ကျွေးလိုက်မိတာပါ "

Rainပုံစံက အတော်လေးစိတ်ဆိုးနေဟန်မို့
သွေး ကြားမှဝင်ကာပြောလိုက်ပေမဲ့၊

"ကိုယ် သူ့ကို ချိုတာတွေစားဖို့
ခွင့်မပြုထားဘူး!!
အထူးသဖြင့်... အဲ့လိုအပေါစားကိတ်တွေကို
ကိုယ်တစ်ခါလေးမှ သူ့ကိုမကျွေးခဲ့ဖူးဘူး "

"........"

သွေးအားစိုက်ကြည့်ကာ ပြတ်သားစွာ
ပြောလိုက်သည့်Rainက
သွေးကိုပင်နည်းနည်းလေးမှ
မျက်နှာသာမပေးခဲ့။

သွေး အံ့သြစွာကြည့်ရင်းက
ခေါင်းငိုက်စိုက်ချလို့သာ
နှုတ်ဆိတ်နေမိသည်။

ရင်ထဲဝမ်းနည်းမိတာကြောင့်
မျက်ရည်တွေက ပြည့်လျှံကာထွက်လာ၏။

"ကိုကို!! ...
ဘာလို့ အဲ့လိုပြောရတာလဲ
မမသွေးကို အားနာစရာကြီး~ "

"......"

"တောင်းပန်ပါတယ်~ သွေးရဲ့အမှားပါ
နောက်ဆိုရင် နယောကို
အပေါစားပစ္စည်းတွေ မပေးမိအောင်လို့
သွေး ဆင်ခြင်ပါ့မယ်.."

"....."

"မမသွေး ! ! "

သွေးက မော့မကြည့်တော့ဘဲ
အိတ်အားဆွဲလို့သာ
အခန်းထဲမှ ပြေးထွက်လာခဲ့သည်။

ရူးသွားပြီထင်တယ်...တကယ်ကိုရူးသွားတာ...

အခြားသောမိန်းကလေးတွေ မရဖူးသည့်
ရင်းနှီးမှုနည်းနည်းလေးကို ရမိရုံနှင့်
သူမဆီမှာအခွင့်အရေးရှိတယ်လို့
ထင်ခဲ့လိုက်မိတာ...။

နှလုံးသားရဲ့ ဂီတ(နှလုံးသားရဲ့ ဂီတ)Where stories live. Discover now