Part 8 (U+Z)

117 6 0
                                    

Unicode

🎶 နှလုံးသားရဲ့ ဂီတ 💛

-------- အပိုင်း (၈) --------

"သွေးကိုချစ်တယ်"

မမျှော်လင့်ထားမိသည့်အနမ်းကြောင့်
ဦးနှောက်က စဥ်းစားနိုင်စွမ်းမဲ့စွာ
ဝေဝါးနေခဲ့ရပေမဲ့
ထိုစကားတစ်ခွန်းကိုတော့
နယော ကြားဖြစ်အောင်ပင်
ကြားလိုက်ရသေး၏။

"ကို... ကိုကို နယောက
မမသွေး မဟုတ်ဘူးလေ ကိုကိုရယ်~"

ရင်ထဲက မချိအောင်ပင် နာကျင်ရသည်။
ကိုကိုက မမသွေးကိုလက်မလွှတ်နိုင်သေးဘဲ
ချစ်နေတုန်းဆိုသည့် အမှန်တရားက
နယောကို လက်ခံရခက်အောင်ပင်
အသက်ရှူမဝ ဖြစ်စေသည်။

Rainက မိန်းမောနေရာမှ
သတိပြန်ဝင်လာသလို၊
မျက်ရည်တွေနှင့် နယောအား
ကြည့်လာပြီး

"အာ.. သွေး မဟုတ်ဘူးပဲ~ "

"ကိုကို့... ဟင့်~ဟင့်
ဘာလို့လဲ.... ဘာလို့ မမသွေးကို
မမေ့နိုင်ရတာလဲ
နယော ကိုကို့အပေါ်မကောင်းပေးလို့လား
မမသွေးလောက်ရော ကိုကို့အပေါ်
မချစ်ပေးလို့လား~
ဘာလို့ နယောကိုကျ
မချစ်ပေးနိုင်ရတာလဲ ပြောလေကိုကိုရဲ့~"

Rainရဲ့အကျီအားဆုပ်ကိုင်ကာ
နယောက ငိုရင်းနဲ့မှပြောတော့
Rain နယောရဲ့လက်ကလေးအား
အပေါ်မှပြန်အုပ်ကိုင်ရင်း

"ကိုကိုက မင်းကိုလည်းချစ်တာပဲလေ~
ဒါပေမဲ့ ကိုကို မင်းကိုတော့
သွေးကိုချစ်သလိုမျိုး မချစ်နိုင်ဘူး~
မဟုတ်ဘူး.. ကိုကိုမင်းကို အဲ့လိုမျိုး
ချစ်လို့မရဘူး~"

ထိုစကားတစ်ခွန်းသာ တတွတ်တွတ်
ဆိုနေသည့်Rainကို
နယော မျက်ရည်အပြည့်မျက်ဝန်းတွေနဲ့
မော့ကြည့်ကာ နားမလည်နိုင်စွာ
ပြန်မေးမိသည်။

"ဘာလို့လဲ~ ဘာလို့ မဖြစ်နိုင်ရတာလဲ"

"မင်းက ကိုကို့ရဲ့ညီမလေးလေ"

Rainဆီမှ ထိုစကားထွက်လာလေတော့
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေနဲ့
နယောရဲ့ရင်တွေက ပူလောင်ရပြန်ပါသည်။

ဟုတ်တယ်၊ ကိုကိုက နယောကို
ညီမလေးတစ်ယောက်လိုပဲ
အမြဲ သတ်မှတ်ခဲ့တာ။
နယောကသာ တစ်ဖက်သတ်ကြီးနဲ့
ကိုကို့အပေါ် မရိုးသားတဲ့စိတ်တွေ
ထားခဲ့မိတဲ့သူ။

နှလုံးသားရဲ့ ဂီတ(နှလုံးသားရဲ့ ဂီတ)Where stories live. Discover now