Part 11 (U+Z)

234 8 0
                                    

Unicode

🎶 နှလုံးသားရဲ့ ဂီတ 💛

-------- အပိုင်း (၁၁) --------

"ဘယ်သူနဲ့တွေ့ချင်လို့လဲရှင့်"

အပြုံးချိုချိုလေးနှင့်မေးလာသည့်
receptionက အမျိုးသမီးလေးကို
သွေးကပြုံးပြရင်း

"မစ္စတာRainနဲ့တွေ့ချင်တာပါ"

သွေးက ပြောနေရင်းမှာပင်
မသေချာမှာကိုစိုးပြီး ထပ်ဖြည့်ပြောလိုက်သည်။

".....ဒီကသူဌေးပါ "

"MDနဲ့လား....ဟို appointmentယူထားလားမသိဘူး"

သွေးကခေါင်းခါသည်။

"မယူထားဘူးရှင့်၊ ဖုန်းက ဆက်သွယ်လို့မရလို့ပါ"

ပြောနေရင်း သွေးရင်ထဲ
မရေရာမှုတွေနဲ့ ဝမ်းနည်းသွားသလို
ခံစားလိုက်ရသည်။

တမင်တကာရှောင်နေတာမျိုးက
မဖြစ်နိုင်လောက်ဘူးဆိုပေမဲ့
ဆက်သွယ်မရတာ လဝက်ကျော်လာသည့်အခါ
သူမ ထိုင်၍မနေနိုင်တော့ဘဲ
လူကိုယ်တိုင်ပင် လာရှာရတော့သည်။

"အဲ့ဒါဆို ခဏလေးစောင့်ပေးပါနော်
secretaryဌာနကိုဆက်သွယ်ပေးပါ့မယ်"

အပြုံးကလေးနှင့်ပင် သွေးကိုပြောရင်း
ဖုန်းကတစ်ဆင့် လှမ်းချိတ်ဆက်နေတော့
သွေး အနားမှာတင်ရပ်ရင်း
မျက်လုံးလေးဝေ့လို့ ဘေးဘီဝဲယာကို
လိုက်ကြည့်မိသည်။

အဆင့်မြင့်decorationနှင့် နည်းပညာမြင့်
စက်ပစ္စည်းတွေအကုန်လုံးက
သူမရဲ့အရင်အလုပ်တွေထက် များစွာ
သာပေမဲ့လည်း Rainကခေါ်တိုင်းမှာ
မာနအားထိခိုက်သလို ခံစားမိတာမို့
သူမက အမြဲငြင်းခဲ့မြဲ။

အရာရာမှာကွာခြားလွန်းနေတဲ့အခြေအနေနဲ့
အဆင့်အတန်းတွေက တန်းညှိလို့
မရလောက်အောင်ကို များလွန်းနေသည့်အခါ
ချစ်ရသူပေမဲ့လည်း သွေးက
သိမ်ငယ်စိတ်ကြောင့် သူမရဲ့ကိုယ်ပိုင်
အရည်အချင်းအား Rainမြင်လာအောင်
ထုတ်ပြချင်ခဲ့သည်။

ထိုသည်ကပင်၊ သူမတို့နှစ်ယောက်အား
ခုလိုဝေးကွာသွားစေခဲ့တာလား မသိ။
ဒီလိုတွေးမိတော့ Rainကိုအမြဲ
ဆန့်ကျင်ခဲ့မိသည့် အရင်က သူမကိုယ်ကိုယ်သာ
ထုရိုက်ပစ်ချင်မိတော့သည်။

နှလုံးသားရဲ့ ဂီတ(နှလုံးသားရဲ့ ဂီတ)Where stories live. Discover now