အကုန်လုံး ဦးညွှတ်ကာ ထွက်သွားကြလေသည်။
"ဂျီမင်........မင်း အခု ဘာလုပ်နေတာလဲ "
"ဘာ....အဲ့ မေးခွန်းက ကျွန်တော်က မေးရမှာ
မလား .....""ကိုယ်က ဒီတိုင်းပြည် ဘုရင် သေချာပေါက်
မဖြစ်မနေ မိဖုရားခေါင်နဲ့ ကိုယ်လုပ်တော်တွေ
ရှိရမှာ ပုံမှန်ပဲလေ ""ဒါဆို ကျွန်တော်လဲ ပုံမှန်ပဲလေ ကိုယ့်မျက်နှာ ကို ပြတာ ဘာလဲ ရှင်ဘုရင်ဆီက ခွင့်တောင်းရမှာလား အဓိပ္ပာယ်မရှိ "
"ပတ်ခ်ဂျီမင် "
ဂျီမင် က ကုတင်ကနေထိုင်ကာ သူ့အ၀တ်တွေပြန်၀တ်နေသည်။ ပြီးတော့ ထ မလို့ ရပ်လိုက်ချိန်
"အ့......."
ရုတ်တရက် ရင်ဘက်က နာလာသည့် ဒဏ်ကြောင့် အော်မိလိုက်သည်။ ဂျွန်က ချက်ချင်းအပြေးရောက်လာကာ
"ဘေဘီ ဘာဖြစ်တာလဲ "
"ဖယ် .... ကျွန်တော့်အသားကို မထိနဲ့ "
"ဒီမှာ ငြိမ်ငြိမ်လေးလှဲနေလိုက် ခဏလောက်ပဲ "
ဂျွန် က jimin ပုံခုံးလေးကို ကိုင်ကာ ပြောသည်။
ဂျီမင်လဲ ဘာလို့မှန်းမသိရုတ်တရက်အောင့်လာတာမို့ ခဏ နားဖို့ ကုတင်ထက်၀ယ် လှဲလျောင်းလိုက်သည်။
"သက်သာတာနဲ့ အိမ်ပြန်မှာမို့ စိုးရိမ်ပြမနေနဲ့ အရှက်ခွဲပြီး ရိုက်ဖို့ ပြောတုန်းက သူမဟုတ်သလိုပဲ အခုမှ လာစိုးရိမ်နေပြတာ မြင်မကောင်းဘူး "
"..........."
ဂျွန်က ဂျီမင် နဘေးမှာ ထိုင်နေသည်
"ဘာလို့ ကျွန်တော် နဲ့ အဆက်သွယ်ဖြတ်တာလဲ "
"ငါ့အကြိုက်ပြောင်းသွားလို့ "
ဂျွန်ရဲ့ စကားကိုလှောင်ကာရယ်လိုက်မိသည်။
"ရယ်ရတယ်နော် .... ဂျွန် ....ဟိုး နတ်ပြည်ကနေ ငုံကြည့်ရင်တောင် ခင်ဗျား ကျွန်တော့်ကို ချစ်နေသေးမှန်း အသိသာကြီး "
"ပေါက်ကရ လျှောက်ပြောနေတယ် တစ်ခါတစ်လေ မင်းဦးနှောက်ထဲ ကိုယ်က ဘုရင်ဆိုတာရော သိရဲ့လား "
![](https://img.wattpad.com/cover/348610692-288-k100944.jpg)
YOU ARE READING
ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)
Fanfictionတစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်......
အပိုင်း (17)
Start from the beginning