အပိုင်း (11)

673 50 7
                                    

အရှင်မင်းကြီး ရဲ့ Baby
(OR)
ကိုကို့ အတွက် လှောင်အိမ် S2

အပိုင်း (11)

jimin နဲ့ ချိုးချိုး က ဆောင်ကြာမြိုင်သို့၀င်လာသည်။

jimin က သူ့ပန်းချီ ပြသ ထားသည့် ပွဲလည်က ပြဇာတ်စင်၏ အနောက်ဘက်က ပုံတူကိုကြည့်ကာ

"ငါနဲ့လဲ ထင်သလောက်မတူဘူး ဒီပန်းချီဆရာက ပုံရော ကောင်းကောင်းဆွဲတတ်ရဲ့လား "

"ဟုတ်တယ် နင့်ကို ကြည့်ပြီးသေချာဆွဲတာ မဟုတ်တော့ လိုအပ်ချက်တော့ရှိတာပေါ့"

jimin က ဂျွန်ပြောတာတွေ ဦးနှောက်ထဲ ၀င်လာသည်။

Jimin က သူမြင်နေရသည့် မီးရောင်ထိန်လင်းနေသည့် မီးပုံလေးဆီသွားကာ ဖြုတ်လိုက်သည်။

အထဲက မီးစွဲလောင်နေသည့် အရာလေးကို ယူကာ ဖြင့် သူ့ပုံတူ ရှိရာသို့ သွားကာ ပုံတူအောက်ခြေကနေ မီးရှို့လောင်စေသည်။

အကုန်လုံးလဲ အုံအော်သောင်းနင်း ဖြစ်ကုန်ကြသည်။

jimin ကို တားဖို့ ဆောင်ကြာမြိုင် အစောင့်တွေ များစွာရောက်လာသော်အခါ

ချိုးချိုးက သူ့ရဲ့လျို့၀ှက်ကိုယ်ရံတော်တွေကို jimin ကာကွယ်ဖို့ လက်ဟန်ပြအမိန့်ပေးသည်။

ဒါအပြင် jimin အတွက် ဂျွန်လွှတ်ထားသည့် သူလျိုတွေကလဲ ချက်ချင်းဆိုသလို ထွက်ပေါ်လာကာ

Jimin ရဲ့ အရှေ့ အနောက် တောင်​မြောက် အရပ်မျက်နှာပေါင်းစုံ၀ယ် ကာကွယ်ထားကြသည်။

Jimin က ပြုံးလိုက်ပြီးနောက်

"အတင့်ရဲလို့ ငါ့ကို ဘယ်သူထင်နေလဲ ငါက
ဒယ်ဂူး အမတ်ချုပ်ရဲ့ သား ..... သံတမာန်
ပတ်ခ်ဂျီမင် "

အကုန်လုံးလဲ အံ့သြသွားကာ သူတို့ အမြဲ တွေ့ချင်နေခဲ့တယ် အရှေ့တိုင်းလောကတခွင် အလှဆုံးယောက်ျား 

ဆောင်ကြာမြိုင် ပိုင်ရှင်က ရောက်လာကာ

"သခင်လေးသုံး..... ကို အရိုသေပေးပါတယ် "

ချိုးချိုးက jimin ရှိရာသို့ လျှောက်လာသည်။

ချိုးချိုး ကိုယ်ရံတော် ခေါင်းဆောင်ဟာ

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now