အပိုင်း (17)

1K 56 8
                                    

အရှင်မင်းကြီး ရဲ့ Baby
(OR)
ကိုကို့ အတွက် လှောင်အိမ် S2

အပိုင်း (17)

         အထိန်းတော်နှစ်ယောက်က jimin ကို ဘုရင့် နန်းဆောင်က အိပ်ခန်းဆီခေါ်သွားသည်။

      Jimin က အလိုက်အထိုက်ပင် ဘုရင်
ကုတင်၀ယ် ထိုင်ကာ အပေါ်၀တ်ချွတ်ပြီး၀မ်းလျားမှောက်ကာနေလိုက်သည်။

       တော်၀င်သမားတော်ကရောက်လာပြီး အကောင်းတက အကောင်းဆုံးဆေးတွေလိမ်းပေးသည်။

     "အထိန်းတော်ကြီး လက်ဆ က ကြမ်းလိုက်တာ "

    Jimin က အထိန်းတော်ကြီးကို လှမ်း"စ"သည်

    "ကျွန်တော်မျိုး အများကြီး အားလျော့ပြီး လုပ်ထားတာပါ "

     "ကျွန်တော် စ တာပါ "

     ဒီလိုနဲ့ နေ့လည်စာကို ဘုရင့်အဆောင်မှာ စားလိုက်ပြီး သမားတော်ပေးတယ့် ဆေးတစ်ခွက်ကြောင့် ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။ ပြောရရင် သူလဲ အိပ်ရေးပျက်နေတော့ အခုမှ အိပ်လို့ရခဲ့တာ

      အိပ်လိုက်တာ ..... ညလောက်မှာ နိုးလာသည်။ အထိန်းတော်တွေက ညစာပြင်ပေးပြီး စားပြီးတာနဲ့ သမားတော်က နောက်ထပ်ဒဏ်ရာကို ဆေးလိမ်းပေးသည်။

      ဆေးလိမ်းခံနေရင်း အထိန်းတော်ကို လှမ်း​မေးသည်။

     "ကျွန်တော်ပြန်လို့မရဘူးလား "

       သမားတော်က ဆေးလိမ်းပေးလို့ပြီးတော့ ဦးညွှတ်ကာ ထွက်သွားသည်။ ဂျီမင်းက ဆေးခြောက်သွားအောင်ခဏလောက်စောင့်ရန်၀မ်းလျားမှောက်လျက်နေသေးသည်။

    အထိန်းတော်ကလဲ ပြန်ဖြေသည်။

     "အရှင်မင်းကြီး အမိန့်မကျသေးလို့ပါ မကြာမှီ
အရှင့်ရဲ့ ထိမ်းမြားပွဲတော် ပြီးတော့မှာပါ အဲ့ကျ ကျွန်တော်မျိုး "

စကားပင်မဆုံးသေး ဂျွန်က
ရောက်လာတော့သည်။ သူ့ကြည့်ရသည်မှာ
ဒေါသလဲ ထွက်နေပုံဟန်

    ဒေါသထွက်ချင်ထွက် ငါကတောင်ထွက်ရမှာ သူက ဘာမို့လို့လဲ အဓိပ္ပာယ်မရှိ

      ဂျွန်က အခန်းထဲက သူတွေကို ထွက်သွားဖ်ု့ လက်ဖြင့် အချက်ပြလိုက်သည်။

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now