အပိုင်း 7

3.4K 143 2
                                    

ကိုကို့ အတွက် လှောင်အိမ်......(7)

မနက်အလင်းရောက်သော်အခါ.....

Jimin အိပ်ယာက နိုးလာခဲ့သည်။

ဒါပေမယ့် ဘေးမှာ Jungkook ရှိမနေဘူး...

ဒါအခွင့်ရေးပဲ လွတ်အောင်ပြေးရမယ်.....

Jimin က အခန်းထဲက ထွက်လိုက်ချိန်....တစ်အိမ်လုံးမှာ အိမ်ရဲ့ဝန်ထမ်းတွေများစွာ တွေ့လိုက်ရလေသည်

ဒါတွေ သူဒါတွေက မတွေ့ဖူးပါဘူး....ဘာပဲ ဖြစ်ဖြစ် အိမ်ရှေ့ကို မသိမသာလေးထွက်ရမယ်

Jimin ကို မြင်ရင် အကုန်လုံး က ခေါင်းညွှတ်နှုတ်ဆက်ကြသည်။

အိမ်အပေါက်ဝ ကနေထွက်လိုက်တာ ကြီးမားလွန်းခြံအကျယ်ကြီး နှင့်အတူ ခမ်းနားခိုင်ခံလွန်းလှသည့် ခြံတံခါးကြီးဟာ ဟို......... အဝေးကြီးမှာပင်။

Jimin က ငေးကြည့်နေမိရင်း....

အဲ့ခြံတံခါးဆီပြေးသွားရင် အနည်းဆုံး 4 မိနစ် 5 မိနစ်ရှိတယ်....

ဒီကြားထဲ ဒါ သမ္မတ အိမ်မို့လို့လား အစောင့်ကြပ်တွေအများကြီးပဲ....

"ဟမ်.......ဟမ်......ဟမ်....."

Jungkook က အနောက်ကနေ Jimin ပခုံးလေးအပေါ်မေးတင်ချကာ

"ကိုကို ဘာကြည့်နေတာလဲ "

"ဘုရား....လန့်လိုက်တာ "

Jimin သူ့ရင်ဘက်လေးကိုလက်လေးနဲ့
သပ်ချကာဖြင့်.

"မင်းက သရဲလား အနောက်ကနေ ဗြုန်းစားကြီး
ဘာလို့ ရောက်လာတာလဲ "

"ကိုကိုကရော ဘာလုပ်မလို့ အိမ်ရှေ့ထွက်တာလဲ"

"ငါ...ငါ...ငါ..ဟာငါ ဘာလုပ်လုပ်ပေါ့ မင်းအကြောင်းပါလို့လား "

"ကိုကို အတွက်... "

Jungkook က Jimin ဖုန်းကို ပေးလိုက်သည်။

Jimin က စွက်ခနဲလှမ်းယူကာ
သူ့ဖုန်းသူဖွင့်ကြည့်တော့.....ဖုန်းတွေခေါ်ထား
ကြတာနည်းတာမဟုတ်ဘူး

"ကိုကို....ခရီးထွက်နေတယ်လို့ လိမ်ပြောလိုက်"

"ဘာလို့..လိမ်ရမှာလဲ"
"အင်း....ကိုကို မလိမ်ရင် လိမ်ပြောအောင်လုပ်တယ့်နည်းရှိတယ်.....မြင်လား အိမ်ကအလုပ်သမားတွေ"

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now