"ဟုတ်တယ် ရင်ခုန်နေတယ် ဒီလိုတွေမကြုံဖူးလို့ ခရာရင်ခုန်တာမှားလို့လား"

"မမှားဘူး အက္ခရာ ဒါပေမယ့်မင်းယိုင်သွားလို့မရဘူးလေ ကိုယ့်အစ်မရဲ့ချစ်သူနဲ့မင်း.."

"ရင်ခုန်တာက စိတ်ယိုင်တာမှမဟုတ်တာ အဲ့ဒါကိုကအထင်လွဲနေကြတာ"

"အထင်လွဲတာမဟုတ်ဘူး ခရာ အားလုံးကမင်းကိုစိတ်ပူနေကြတာ တန်ခိုးဘယ်လောက်ရက်စက်သလဲ မင်းထက်ငါကပိုသိတယ် မင်းအကြောင်းသာသိသွားရင် သူ မင်းကိုဒီအတိုင်းထားမယ်ထင်သလား
အဲ့ဒီအချိန်မှာ မင်းကသူ့ကိုချစ်မိနေရင် မင်းပဲနာကျင်ရမှာသိရဲ့လား"

ကိုစည်းကို စူးစူးကြီးကြည့်နေမိရင်း ကိုစည်းပြောနေတာတွေ မဟုတ်ပါဘူးဟု ခရာပြန်မဖြေနိုင်။
ပြောသွားသည့်စကားတွေကလည်း အားလုံးမှန်နေတာမို့ ခရာ ဘာဆက်လုပ်ရမလဲဆိုသည့်အတွေးတွေ ခေါင်းထဲဝင်လာသည်။
ရှေ့တိုးဖို့မလွယ်သလို နောက်ဆုတ်လို့လည်းမရတော့သည့် လက်ရှိအခြေအနေမှာ ခရာဘာလုပ်သင့်သလဲ...

"မင်း အလိုက်သင့်ပဲနေပါ ဒါပေမယ့် တန်ခိုးကိုတော့ ရင်မခုန်မိစေနဲ့ ငါပြောနေတာကမင်းအတွက်နော် ငါ့စကားကိုသေချာနားထောင် အက္ခရာ"

"ဟုတ်"

"ပြန်ချင်ရင်ပြော ငါလိုက်ပို့မယ်"

ခရာ ခေါင်းလေးညိတ်ပြလိုက်ကာ စားပွဲမှာပြန်ထိုင်ပြီး စောစောကချခဲ့သောဝိုင်ခွက်ကို လှမ်းယူကာအကုန်သောက်လိုက်တော့ ရင်ထဲပူဆင်းသွား၏။
ရင်ခုန်တာဟာ စိတ်ယိုင်တာမဟုတ်...

💛💛▫▫▫💛💛

"သီဟ ငါ့ကိုဖုန်းဆက်တယ် တန်ခိုး"

အစ်ကို့စကားကြောင့် နည်းနည်းထွေနေသောခေါင်းကိုဆတ်ခနဲခါပစ်ရင်း အခန်းတံခါးကိုဖွင့်ကာ အခန်းထဲဝင်လာခဲ့သည်။
ကားသော့ကိုနံရံမှာချိတ်လိုက်ပြီး ကုတ်အင်္ကျီကို ဆိုဖာပေါ်လှမ်းပစ်တင်ကာ ဖုန်းကို ဘယ်ညာပြောင်းကိုင်ရင်း ခေါင်းကိုထပ်ခါမိပြန်သည်။
Partyမှာ နည်းနည်းသောက်ထားမိ၍ ခေါင်းနည်းနည်းနောက်နေခဲ့ကာ ဒီခေါင်းကိုက်ခြင်းကိုမခံစားချင်၍ မီးဖိုခန်းကိုအရင်သွားပြီး Freezerကိုဆွဲဖွင့်လိုက်၏။

PlayersWhere stories live. Discover now