ပိုင်ချူနျန်သည် ကော်ရစ်တာမှတဆင့် ဆေးရုံ၏ နည်းပညာသုတေသနဖွံ့ဖြိုးတိုးတက်ရေးအပိုင်းသို့ ဝင်ရောက်လာခဲ့သည်။ အိန်းရှီးဆေးရုံသည် နိုင်ငံအတွင်း ပထမတန်းစား ဆေးရုံဖြစ်လာရန် ဝါရင့်ကျွမ်းကျင်သူများစွာကို မှီခိုအားထားကာ ၊ အထူးသဖြင့် သူ၏ ဆေးဝါးအင်ဂျင်နီယာနှင့် နည်းပညာသုတေသနဖွံ့ဖြိုးတိုးတက်မှုအပေါ် ပိုမိုအားထား၏ ၊ အိန်းရှီးဆေးရုံတွင် သီးခြားပိတ်ထားသော နည်းပညာဆိုင်ရာ အဆောက်အအုံတစ်ခုရှိလေသည်။ တွားသွားပိုးOmegaက R&D(သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး)ဌာန၏ ဒါရိုက်တာဖြစ်သည့် ဒေါက်တာလင်တိန်းကို ရှာဖွေရန် ပိုင်ချူနျန်အား တောင်းဆိုခဲ့သည်။

R&D ဧရိယာရှိ သီးသန့်အဆောက်အဦးတစ်ခုသည် အလွန်တိတ်ဆိတ်နေပြီး အသက်ရှုသံကိုပင် ရှင်းရှင်းလင်းလင်းပြန်ကြားနိုင်၏။ သို့တိုင် လူတစ်ယောက်သော်မျှမရှိ ၊ တံခါးပေါ်ရှိ မှန်ပြတင်းပေါက်မှတဆင့် သူတို့ဖြတ်လာခဲ့သော သုတေသနခန်းအတန်းလိုက်၌ ဂျူတီကုတ်အဖြူဝတ်ထားကြသည့်ဆရာဝန်အမျိုးမျိုး ထိုင်နေကြသည်ကို တွေ့ခဲ့ကြရသည်။ သူတို့ဟာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတာ ထင်ရှားလျက် သူတို့၏မျက်လုံးတို့က သွေးနီရောင်ရဲနေပြီး စက်ပစ္စည်းလို ကိစ္စတစ်ခုတည်းကိုပဲ ထပ်တလဲလဲလုပ်ဆောင်နေကြလျက်။

အချို့သော သုတေသနခန်းအလွတ်များတွင် နံရံတစ်ခုလုံးသားဖောက်သေတ္တာများဖြင့်ပြည့်နေ၏ ၊ ဒါပေမယ့် သေတ္တာတံခါးတွေ အားလုံးကပွင့်နေပြီး အထဲ၌ဘာမှမရှိဘဲ ခြောက်နေပြီဖြစ်သည့်သွေးစွန်းရာတစ်ပြင်လိုက်သာကျန်ရှိလေသည်။

ပိုင်ချူနျန်က သူ့နောက်ကလူနှစ်ယောက်အား ခြေလှမ်းတို့ညင်ညင်သာသာလှမ်းဖို့ အချက်ပြလိုက်သည်။ ရောဂါပိုးကူးစက်ခံထားရခြင်းက အစောပိုင်းအဆင့်မှာသာရှိနေဆဲဖြစ်ပြီး တိုက်ခိုက်ရန်ရည်ရွယ်ချက် မထင်ရှားသေးသော ကူးစက်ခံရသူတွေကို မနှောင့်ယှက်မိအောင် အတတ်နိုင်ဆုံးကြိုးစားလိုက်လျက်။

သို့သော် သုတေသနခန်း၏ တံခါးများအားလုံးကပိတ်မနေဘဲ အချို့သော တံခါးများကပွင့်လို့နေရာ အတွင်းမှကူးစက်ခံထားရသည့်ဆရာဝန်များမှာ သူတို့သုံးဦး ဖြတ်သွားတာကိုမြင်သည်နှင့် ကူးစက်မှုနှောင်းပိုင်းအဆင့်သို့ ချက်ချင်းဝင်ရောက်ကာ သူတို့ကိုကိုက်ရန် ပြေးလာကြတော့သည်။

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now