=5=

375 50 1
                                    

[Unicode]

ကတ်မှာ လက်ရေးမူဗားရှင်းဖြစ်ပြီး လက်ရေးလက်သားမှာ ပြတ်သားတိကျ၍ freestyleဟန်ဖြင့် အလွန်လှပလေ၏။ 

ဒီလိုဝါကျနဲ့ဆို ရိုမန့်တစ်တောင်ဆန်နေသလိုလိုပဲနော်...

စုချီယွဲ့ အောက်နားမှ WeChat IDကိုကြည့်၍ အကြာကြီးစဉ်းစားပြီးမှ နောက်ဆုံးတွင် ဖုန်းထုတ်ကာ ထိုWeChatအကောင့်ကို အပ်လိုက်သည်။

အမှန်တကယ်တော့ ထန်ယဲ့က သူ့WeChat IDကို သူ့ဆီ မည်သည့်အတွက်ကြောင့်ပေးလိုက်မှန်း သူမသိသော်လည်း တစ်စုံတစ်ယောက်၏ ဇိမ်ခံကားကို လိုက်စီးရုံတင်မက ဤကဲ့သို့တန်ဖိုးကြီးပစ္စည်းကို လက်ခံရရှိခဲ့သော သူ့အတွက်မူ သိပ်မကောင်းပါချေ။

ထန်ယဲ့၏ WeChatအမည်တွင် "ယဲ့"စာလုံးတစ်လုံးတည်းပါရှိပြီး WeChatပရိုဖိုင်ပုံမှာ မိုးပြာရောင်ကောင်းကင်နောက်ခံပေါ်က အစိမ်းရောင်သစ်ရွက်တစ်ခုဖြစ်လေ၏။ စုချီယွဲ့ ဤWeChatပရိုဖိုင်ပုံကို အလွန်နှစ်သက်သွားခဲ့သည်။ ၎င်းမှာ ကြော့ရှင်းနေသလို သက်တောင့်သက်သာလည်းရှိပုံရသည့်အပြင်
သူကိုယ်၌လည်း ဤWechatပရိုဖိုင်၏ နောက်ခံကာလာနှင့် ကိုယ်တိုင်ရေးကတ်ကဲ့သို့သော မိုးပြာရောင်ကို ကြိုက်နှစ်သက်သူပင်။

စုချီယွဲ့ သူ့စိတ်ထဲတွင် အနည်းငယ်ထူးဆန်းနေသလို အမြဲတမ်းခံစားနေရသည်။ သူက စတော်ဘယ်ရီအရသာမစ်ရှိတ်ကိုကြိုက်တယ်၊ မိုးပြာရောင်ကိုနှစ်ခြိုက်တယ်၊ သူ့ကိုယ်သူ စုကျီယဲ့လို့ခေါ်ရတာကိုလည်းသဘောကျတယ်၊ ဝက်နံရိုးနှပ်စားရတာကိုလည်းကြိုက်တယ်... ဒီနှစ်ရက်မှာ သူတို့ အတူတူရှိတဲ့အချိန်တုန်းက...

သို့ပေတိ မူလပိုင်ရှင်က ဤအရာများကို မနှစ်ခြိုက်ဘဲ သူကသာ နှစ်ခြိုက်သူပင်။ ပုံမှန်အားဖြင့် သူ့၏အခင်ဆုံးသူငယ်ချင်းတွေကလွဲ၍ တခြားမည်သူမှသိမည်မဟုတ်။ စုချီယွဲ့ ခေါင်းယမ်းလိုက်၏။ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဥ်တွေပါပဲလေ။ ထန်ယဲ့ သူ့ကို ပေးခဲ့သမျှဟာ တိုက်ဆိုင်တာပဲဖြစ်ရမယ်။ သူတကယ်ပဲ စိတ်ကူးယဥ်ဆန်လွန်းနေပြီပဲ။

စုချီယွဲ့သည် ထန်ယဲ့၏ WeChatအကောင့်ကို အပ်ပြီးသော်လည်း တစ်ဖက်လူက သူ့ကိုလက်မခံရသေးပေ။ စုချီယွဲ့လည်း ဂရုမစိုက်ပါချေ။ မူလကတည်းက သူတို့နှစ်ယောက်ဟာ တစ်ကမ္ဘာတည်းမှမဟုတ်သလို သူတပါးပစ္စည်းကိုလည်း ပေါ့ပေါ့ဆဆ မယူချင်ပါပေ။

ရသစုံရှိုးတစ်ခုမှာ ရုပ်ရှင်ဘုရင်ကြီးနှင့် ချစ်ကြိုက်သွားပြီးနောက် ... Where stories live. Discover now