Description

1.2K 88 0
                                    

[Unicode]

🔥 ရသစုံရှိုးတစ်ခုမှာ ရုပ်ရှင်ဘုရင်ကြီးနှင့် ချစ်ကြိုက်သွားပြီးနောက် ငါနာမည်ကြီးလာခဲ့တယ်

~အကျဥ်းချုပ်~

စုချီယွဲ့က Danmei ဝတ္ထုသို့ ကူးပြောင်းသွားခဲ့ပြီး အသုံးအဖြုန်းကြီးတဲ့ ဆန်ကုန်မြေလေး လူယုတ်မာတစ်ယောက်ဖြစ်လာခဲ့တယ်။
သူက ပရောပရည်လုပ်တတ်သူမို့ နောက်ဆုံးမှာတော့ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးသွားခဲ့လေရဲ့။

စုချီယွဲ့က သူ့ကိုယ်ပိုင်သေဆုံးခြင်းနည်းလမ်းကို ပြန်သုံးသပ်ကြည့်ပြီး တိတ်ဆိတ်​စွာ ပြောလိုက်လေရဲ့ - လိင်မှုကိစ္စကို ရှောင်ကြဥ်ရမယ်၊ လုံခြုံအောင်နေထိုင်ရမယ်။

အချစ်ရသစုံရှိုးအဖွဲ့မှ ဖိတ်ကြားချက်အကြောင်း စုချီယွဲ့က ပိုတွေးကြည့်လေလေ၊ ငြင်းပယ်မိလေလေပင်!

ပရိုဂရမ်အဖွဲ့: ငွေပမာဏထပ်တိုးပေးမယ်။

စုချီယွဲ့: ငါ့ကို စဉ်းစားခွင့်ပေးဦး။

အစီအစဉ်အဖွဲ့: နှစ်ဆ!

စုချီယွဲ့: စိတ်ဝင်စားမှုတွေ၊ ငွေကြေးကိစ္စနှင့် ရင်ဆိုင်ကြုံတွေ့ရပါက တစ်ခါတစ်လေမှာ မင်းရွေးချယ်တတ်ဖို့လည်း သင်ယူရမယ်လေ။ ဒီတော့ သူ ရွေးချယ်လိုက်တာက ... လက်ခံတာပဲပေါ့။

ရသစုံရှိုးတွင် စုချီယွဲ့မှာ ပိုသတိရှိနေကာ နာနာခံခံရှိလျက် ယဥ်ကျေးချိုသာနေပြီး ကိုယ့်ကိုယ်ကို ခုခံကာကွယ်မှုအပြည့်ရှိနေခဲ့လေသည်။

သို့သော် အေးတိအေးစက်မျက်နှာနှင့် အဆိပ်ပြင်းတဲ့လျှာရှိသော ဒဏ္ဍာရီဆန်ဆန် ရုပ်ရှင်မင်းသားဖြစ်တဲ့ ထန်ယဲ့မှာ အနည်းငယ် ထူးဆန်းနေလျက်။

စုချီယွဲ့ ရေသောက်ချင်လေလေ၊ ထန်ယဲ့က သူ့ပါးစပ်ဆီ ခွံ့တိုက်လာတယ်။ 

စုချီယွဲ့ ပိုစားချင်လေလေ၊ ထန်ယဲ့က သူ့ပါးစပ်ထဲကို ခွံ့ပေးလာပြန်တယ်။

စုချီယွဲ့က လမ်းလျှောက်ချင်လေလေ ထန်ယဲ့က မင်းသမီးစတိုင် ပွေ့ချီလိုက်ပြန်ရော။

စုချီယွဲ့ ဘာပဲလိုချင်နေပါစေ...

ထန်ယဲ့: မင်းကိုပေးမယ်၊ အားလုံး မင်းအတွက်ချည်းပဲ။

ရသစုံရှိုးတစ်ခုမှာ ရုပ်ရှင်ဘုရင်ကြီးနှင့် ချစ်ကြိုက်သွားပြီးနောက် ... Where stories live. Discover now