"သွေးက ဖြစ်ချင်တာတွေအရမ်းများတဲ့ မိန်းကလေးလို့ထင်တယ် ပြောရရင် သူကကြိုးစားချင်စိတ်ရှိတယ်ကွာ သူ့ဘဝကိုတိုးတက်ဖို့ အများကြီးကြိုးစားချင်တယ် ကျန်တာကို ခေါင်းထဲသိပ်မထည့်ချင်သလိုပဲ လှတယ် တော်တယ် အရည်အချင်းရှိတယ် အဲ့လောက်ပဲပြောတတ်တယ်"

စည်းစကားဆုံးတော့ သူ့ကိုရော၊ စည်းကိုပါကြိုးရှည်ရှည်ဖြင့်လှန်နေသည့် သွေးရဲ့လုပ်ရပ်ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းခိုးချမိသည်။
သွေး ဘာကိုလိုချင်တာလဲ။ ဘာဖြစ်ချင်တာလဲ သူနားမလည်သေး။
ဘဝကိုတိုးတက်ဖို့ဆိုတာ စီးပွားရေးလုပ်မှဖြစ်တာလား၊
အင်ဂျင်နီယာတစ်ယောက်အဖြစ်နဲ့ရော ဘဝက မတိုးတက်ဘူးလို့ထင်နေတာလား။
သွေးလိုချင်သည့် ထိုအချက်က စည်း မှာရှိနေတာမို့ သူ မသိအောင်ခိုးတွဲနေတာလား။

"သွေးနဲ့ပတ်သတ်ပြီး မင်းစိတ်ညစ်နေသလား တန်ခိုး"

"နည်းနည်းပါ မင်းသိထားသလိုပဲ သူက သိပ်တော်လွန်းတယ် လက်ရှိငါ့အနေအထားကို လုံးဝသဘောမကျဘူး ငါကလည်း ဒီအလုပ်ကိုခင်တွယ်တာနဲ့ သိပ်ကီးမကိုက်ချင်ဘူးဖြစ်နေတယ်"

"မင်းသူ့ကိုချစ်တယ်မလား သူဖြစ်စေချင်သလိုလုပ်ပေးလိုက်ပေါ့ကွာ"

"သူက ငါ့ကို စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်စေချင်တာ အဲ့ဒီအလုပ်နဲ့ ငါဘယ်မှာလိုက်ဖက်လို့လဲ ပြီးတော့ ငါ့ကိုအိမ်ကအမွေဖြတ်ထားတာ မင်းသိရဲ့သားနဲ့ မလုပ်နိုင်ဘူးလားဆိုရင် ငါလုပ်နိုင်ပါတယ် ဒါပေမယ့်ဗြုန်းစားကြီးထလုပ်လို့မရဘူးလေ"

"အဲ့ဒါကိုအသာထားပါကွာ မင်းအဖေအလုပ်ကိုဆက်လုပ်ပေါ့ တန်ခိုးရာ လက်ဖက်ခြံနဲ့လိမ္မော်ခြံပိုင်တယ်ဆို အဲ့ဒါနဲ့လည်းအဆင်ပြေပါတယ် မင်းမှာလည်းပူရန်ကော"

"မင်းပြောမှပဲ အဖေ့ခြံထဲမှာပဲ ငါ့ဘဝကိုနှစ်မြှုပ်ထားရမယ့်ပုံပဲ ခြံအလုပ်မလုပ်ချင်လို့ လားရှိုးကနေ ထွက်ပြေးလာတဲ့ကောင်ပါကွ"

"မင်းအဖေက ခြံအလုပ်ပဲလုပ်တာလား မင်းတို့အိမ်ကိုငါတစ်ခါမှမရောက်ဖူးဘူး"

မရောက်ဖူးဆို သူ မန္တလေးကိုကျောင်းလာတက်ကတည်းက အဖေကစိတ်ဆိုးမာန်ဆိုးဖြင့် ပြန်မလာရ အမိန့်ထုတ်ကာ အမွေဖြတ်ထားခဲ့သည်ပဲ။
အဖေက သူ့ကို အင်ဂျင်နီယာဖြစ်စေချင်တာမဟုတ်သလို အစ်ကို့ကိုရော၊ သူ့ကိုပါ အေးချမ်းသည့်ဘဝမှာ ရှင်သန်စေချင်သူဖြစ်ပေမယ့် အစ်ကိုကတော့ 17နှစ်သားကတည်းက အိမ်ကထွက်သွားခဲ့သည်။
သူကိုယ်တိုင်လည်း 17နှစ်ကတည်းက အဖေ့ကိုကလန်ကဆန်လုပ်ကာ မန္တလေးရောက်လာခဲ့၍ အဖေ့ဒေါသက ယမ်းပုံမီးကျသလို…

PlayersWhere stories live. Discover now