50

4.7K 279 32
                                    

Unicode










မြူဒေါင်းအစ်ကိုရင်ခွင်ထဲကနေ စိုင်း၏အကြည့်စူးစူးတွေကြောင့် မသိမသာနောက်ဆုတ်လိုက်မိပါသည်။ စိုင်းက လက်ထဲရှိ အထုပ်တွေကိုပစ်ချပြီး အစ်ကို့ထံခြေလှမ်းကျဲကြီးနဲ့လာနေတော့ မြူစိုးရိမ်စွာဘဲ အစ်ကို့ရှေ့မှ ပိတ်ရပ်ထားလိုက်၏။ အိမ်ရှေ့တံခါးမှာရပ်နေတဲ့သီဟကတော့ သူ့သူဌေးကိုပြေးပဲဆွဲရမလို၊ ရပ်ပဲ ကြည့်ရမလိုနဲ့ ဗျာများနေရသည်။

''မြူဒေါင်းငယ်!''

သွေးကြောတွေထင်းထနေတဲ့အထိ စိုင်းကအံကြိတ်ရင်းခေါ်တော့ မြူကြောက်စိတ်တို့နဲ့တုန်ယင်လာမိသည်။ ဒါပေမယ့် အားခဲကာ

''ခင်ဗျား ဘာလာလုပ်တာလဲ! အခုချက်ချင်း အိမ်ကထွက်သွား!'

''မင်းပါးစပ်ကို ပိတ်ထား! လာခဲ့!''

''အာ့! ဘာလုပ်တာလဲ လွှတ်!''

''ဟိတ်လူ ခင်ဗျား ဘာဖြစ်ချင်နေတာလဲ!''

မြူရဲ့လက်တစ်ဖက်ကိုစိုင်းကအတင်းဆွဲထားသလို ရာဇာလွှမ်းကလည်း ကျန်လက်တစ်ဖက်အား ဆွဲထားပြန်သည်။ မြူကတော့အလယ်မှာ စိုင်းလက်ကိုအတင်းရုန်းနေ၏။

''ဘာဖြစ်ချင်တာလဲ ဟုတ်လား အေး! မင်းကိုထိုးချင်တာကွာ!''

ခွပ်......

''အား! အစ်ကို့ကို မထိနဲ့နော် ခင်ဗျား! ''

''မြူဒေါင်းငယ် မင်းငြိမ်ငြိမ်လေးမလိုက်ရင် ဒီကောင့်ကို ငါကိုယ်တိုင် သတ်ပစ်မယ် လာခဲ့!''

ကြမ်းပြင်ပေါ် လဲကျသွားတဲ့အစ်ကို့ကို ထိုးပစ်လိုက်တာများ မညှာမတာရယ်ပါ။ မြူ့လက်ကိုလည်း အတင်းဆွဲခေါ် နေပြန်သည်။ အစ်ကိုကပြန်ထပြီး ထိုးဖို့ကြံတော့ သီဟဆိုသူက ဝင်ပါတော့သည်။ နှစ်ယောက် တစ်ယောက်မှ အစ်ကို့တွက်မမျှနိုင်ပေ။

''မလုပ်ပါနဲ့ အစ်ကို့ကို ဘာမှ မလုပ်ပါနဲ့ တောင်းပန်ပါတယ် အအီး အဟင့် အင့်''

''တောက်စ်! သီဟ အဲ့ကောင်ကိုခေါ်ထား နောက်ကလိုက်မလာစေနဲ့''

''ဟုတ်ကဲ့ boss ''

သီဟ ရာဇာလွှမ်းကို အတင်းဖိချုပ်ထားတာတောင် ယောကျာ်းချင်းအားမို့ မလွယ်ချင်ပေ။ ရာဇာလွှမ်းကအတင်းကာရော ရုန်းကန်လို့နေသည်။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now