အပိုင်း ၃၀(Final)

129 2 0
                                    

မနက်ရောက်တော့ခရီးသွားဖို့ပြင်လိုက်ကြသည်။အသင့်ပြင်ပြီးသားluggageနှစ်လုံးကိုဆွဲကာမင်းဆက်တစ်ယောက်အောက်ကိုဆင်းလာသည်။‌သံလွင်ကတော့အပေါ်မှာပြင်ဆင်ရင်းကျန်နေခဲ့သည်။အောက်မှာစောင့်နေတဲ့သူ့အဘွားကိုမြင်တော့

"ဘွား သားတို့သွားလိုက်ဦးမယ်နော် ဆေးသောက်ဖို့မမေ့နဲ့ဦး လိုတာရှိရင်လှမ်းပြောနော်ဘွား"

"ဟုတ်ကဲ့ပါရှင် မြေးလေးတို့လဲဂရုတစိုက်သွားကြဦး သားDaddyကိုလဲစောင့်ရှောက်ပေးပါဦးကွယ် အပ်ပါတယ်"

"ဟာ အဲ့တာကတော့ပြောစရာမလိုအောင်လိုလေသေးမရှိထားပေးမှာမလို့စိတ်မပူနဲ့ဘွား ဘွားလာချင်ရင်အချိန်မရွေးပြောနော် လာခေါ်လှည့်မယ်"

"ဟုတ်ကဲ့ပါရှင် ကောင်းကောင်းသွားကြနော်မြေးလေး"

"ဟုတ်ဘွား ဦးကျော်ခန့်နဲ့ဦးခွန်းစစ်ကိုနှုတ်ဆက်တယ်ပြောပေးပါဦး ကုမ္ပဏီသွားကြပြီထင်တယ်"

"အေးအေး ပြောလိုက်မယ်မြေးလေး"

မင်းဆက်နဲ့ပြောနေတုန်းအပေါ်ကနေသံလွင်ပါဆင်းလာလေသည်။

"မေမေသားတို့သွားမယ်နော် ကျန်းမာရေးဂရုစိုက်ဦး"

"ဟုတ်ပါပြီရှင် အမေ့အတွက်စိတ်ချ သားတို့သာအေးအေးဆေးဆေး‌နားကြ"

"ဟုတ်မေမေ မေမေကလိုက်ခဲ့ပါဆိုတော့ကြမလိုက်ဘူး"

သူ့အမေကိုဖက်လိုက်ရင်းချွဲသလိုလေးနဲ့ပြောတော့ဒေါ်နန်းမြင့်ဝတီသံလွင့်ခေါင်းလေးကိုပွတ်ပေးလိုက်ရင်း

"လာမှာပေါ့နောက်ကြ အခုတော့နှစ်ယောက်ထဲသွားနှင့်ကြ ပြီးမှလာခဲ့မယ်ဟုတ်ပြီလား"

"ဟုတ်မေမေ သားတို့သွားပြီနော်"

"အေးအေး"

"ဘွား သားတို့သွားပြီ"

"ဟုတ်ပြီမြေးလေး"

ဒေါ်နန်းမြင့်ဝတီကိုနှုတ်ဆက်ပြီးတာနဲ့ထွက်လာခဲ့ကြသည်။‌လေယာဉ်ပေါ်ရောက်တော့အကျအနထိုင်လိုက်ရင်းမင်းဆက်တစ်ယောက်သံလွင့်ကိုဂျီကျပါတော့သည်။

"Daddyကကိုယ့်လေယာဉ်နဲ့ကိုသွားလို့ရရဲ့သားနဲ့ကို"

"အဲ့ကြနှစ်ယောက်ထဲပျင်းစရာကြီးလေကလေးရဲ့ အခုကြဘေးကအသံတွေနဲ့ဘယ်လောက်အပျင်းပြေထားလိုက်လဲ"

You've reached the end of published parts.

⏰ Last updated: Jun 15 ⏰

Add this story to your Library to get notified about new parts!

My son become my husbandWhere stories live. Discover now