အပိုင်း ၆

664 12 0
                                    

နှစ်တွေတဖြည်းဖြည်းကြာလာတော့သံလွင်တို့ချစ်ရတဲ့ပေါက်စလေးကတစ်ဖြည်းဖြည်းနဲ့လူပျိုပေါက်အရွယ်ကိုပြောင်းလာသည်။ဒီနှစ်၅လပိုင်းဆို၁၆နှစ်ပြည့်ပြီဖြစ်သည်။လူပျိုပေါက်အရွယ်ရောက်လာတော့ခန္ဓာကိုယ်ကစတင်ဖွံ့ဖြိုးလာကာပြောင်းလဲလာသည်။အရင်ကသံလွင်တို့လက်တစ်စုပ်စာပဲရှိတဲ့လက်သေးသေးလေးကတဖြည်းဖြည်းနဲ့သံလွင့်လက်ထက်ကျော်လာပြီဖြစ်သည်။လက်ချောင်းရှည်ရှည်သွယ်သွယ်နဲ့လက်ဖမိုးကလဲအကြောတွေပြိုင်းပြိုင်းထကာအဖေတွေဦးလေးတွေထက်ထွားလာသည်။‌လက်ဖျံမှာလဲအကြောတွေထနေကာလက်မောင်းကြွက်သားတွေကလဲအဖေတွေဦးလေးတွေနဲ့အပြိုင်တောင့်တင်းလာသည်။အရင်ကသံလွင်တို့လက်ချောင်းသာသာရှိတဲ့ခြေထောက်လေးတွေကအခုဆိုရင်သံလွင်တို့ပင်မော့ကြည့်ရလောက်အောင်ရှည်လျားလာသည်။အသက်၁၆နှစ်နဲ့မလိုက်အောင်ကိုအရပ်က ၆ပေ၂လောက်ရှိပြီဖြစ်သည်။ဒါတွေဟာအားကစားလိုက်စားတဲ့မင်းဆက်အတွက်တော့မထူးဆန်းပေ။သူ့အသက်၁၀နှစ်အရွယ်ထဲကကျော်ခန့်နဲ့အတူအားရင်အားသလိုကြက်တောင်ရိုက်သည်။ရေကူးသည်။basket ballကစားသည်။အသက်၁၅နှစ်မှာဦးလေးတွေနဲ့အတူgymစသွားသည်။မျက်နှာဟာလဲငယ်ငယ်ကပါးဖောင်းဖောင်းလေးတွေပျောက်ကာဆွဲဆောင်မှုရှိတဲ့jawlineတွေရောက်လာပြီးကျောင်းမှာဆိုရင်လဲပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ရုံသာမကယောကျာ်းလေးတွေပါအားကျရလောက်အောင်ချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားသည်။သံလွင်တို့စီးပွားရေးလောကမှာဆိုရင်လဲငယ်ငယ်ထဲကသံလွင်မိသားစုရဲ့အမွေကိုဆက်ခံမယ့်သူဆိုပြီးအာရုံစိုက်ခြင်းတွေခံနေရသူဖြစ်သည်။ဒီလိုဂုဏ်ပုဒ်တွေပိုင်ဆိုင်ထားတဲ့သူဟာအခုချိန်ထိသူ့Daddyဦးမင်းမြတ်သံလွင်နဲ့အတူတူအိပ်နေတုန်းဖြစ်ပြီးသရဲအလွန်ကြောက်တတ်တယ်လို့ပြောရင်ဘယ်သူမှယုံမည်မဟုတ်မှာမြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။အခုလဲသူ့Daddyကိုကပ်ချွဲနေပြန်သည်။

"နော်Daddyလုပ်ပါ သားသရဲကားကြည့်ချင်လို့ပါ"

"မရဘူးမင်းဆက် မင်းကြည့်ပြီးရင်လဲtoiletသွားရင်တောင်ငါပဲလိုက်ပို့ရဦးမယ် မရဘူးမနက်ဖြန်Daddyအစောကြီးထရမှာနောက်နေ့မှကြည့်"

My son become my husbandWhere stories live. Discover now