အပိုင်း ၂၅

71 1 0
                                    

သံလွင့်ကိုယ်လေးကိုဥယျာဉ်လေးထဲကနေပွေ့ချီလာရာမွေ့ယာပေါ်ရောက်တော့အသာချပေးလိုက်သည်။

"ဟိတ်! ဘယ်သွားဖို့ကြံနေတာလဲ!"

မွေ့ယာပေါ်ချပြီးတာနဲ့ပြန်ထွက်ဖို့ပြင်နေတဲ့သံလွင့်ကိုမင်းဆက်ငေါက်ချင်ယောင်ဆောင်တဲ့အသံနဲ့ပြောလိုက်သည်။ထိုအခါဇက်လေးကပုဝင်သွားကာမတ်တပ်ရပ်နေဆဲသူ့ကိုမော့ကြည့်လာသည်။

မင်းဆက်လဲမဆိုးတဲ့စိတ်ကိုဆိုးချင်ယောင်ဆောင်ကာ

"Daddyဘယ်သွားမလို့ပြင်နေတာလဲလို့မေးနေတာလေ!"

"ငါ...ဘယ်မှမသွားပါဘူး အင်္ကျီ....အင်္ကျီလဲဖို့လုပ်မလို့ထလိုက်တာ"

"ဟုတ်လို့လား"

"ဟုတ်တယ်"

"ညာတာ"

"မညာပါဘူး တကယ်လဲမလို့ အခုထိဒီဝတ်စုံကြီးဝတ်ထားရတုန်းလေ ကလေးလဲမလဲသေးဘူးလား"

"လဲမှာပေါ့.....လုပ်စရာရှိတာလုပ်ပြီးရင်"

ထိုစကားကိုသံလွင့်မျက်နှာနားကပ်ပြောလိုက်တော့အူကြောင်ကြောင်မျက်နှာပေးလေးနဲ့ကြည့်နေသည်။

'ဂိုဏ်းစတားကြီးရာအဲ့လိုဆက်ကြည့်နေမယ်ဆိုအော်ငိုသွားအောင်ကြမ်းမိတော့မယ်'

"ဘာဖြစ်နေတာလဲအဲ့မျက်နှာလေးက"

မင်းဆက်အသဲယားလာတာနဲ့မနေနိုင်ပဲထုတ်မေးမိတော့သည်။

"ဘာမှမဖြစ်ပါဘူး..."

"အဲ့တာဆိုဘာလို့အဲ့ရုပ်လေးဖြစ်နေတာလဲ"

"ဘယ်လိုရုပ်ဖြစ်နေလို့လဲ"

"အရမ်းချစ်စရာကောင်းနေလို့လေ Daddyမျက်နှာလေးက"

ဂိုဏ်းစတားကိုချစ်စရာကောင်းတယ်သွားပြောမိတော့ရလာတဲ့အကျိုးဆက်ကနှုတ်ခမ်းကြီးစူလာတဲ့အထိရန်တွေ့ခံလိုက်ရခြင်းဖြစ်သည်။

"ဘယ်မှာချစ်စရာကောင်းနေလို့လဲ! ဂိုဏ်းစတားကွ!! ခန့်ညားတယ်လို့သုံးရတယ် မှတ်ထား!"

"အဟားးး.....အဲ့လိုပြောတာမကြိုက်လဲခုနကDaddyရုပ်လေးကအဲ့လိုလေးဖြစ်နေတယ်လေဗျာ"

ပြန်ချေပလိုက်တော့ထပ်တော့ရန်တွေ့မလာပေမဲ့နှုတ်ခမ်းကြီးကမသိမသာစူနေဆဲဖြစ်သည်။

My son become my husbandWhere stories live. Discover now