အပိုင်း ၇

104 2 0
                                    

သံလွင်တို့ညပိုင်းရောက်တော့လှုပ်ရှားဖို့ပြင်လိုက်သည်။မင်းဆက်လေးကိုတော့မေမေနဲ့အကိုကြီးရယ်အလင်းငယ်ရယ်ကအာရုံလွှဲထားကြသည်။သံလွင်နဲ့ကျော်ခန့်အိမ်ထဲကနေတိတ်‌တိတ်လေးထွက်လာကာအပြင်ရောက်ပြီးအိမ်နဲ့အနည်းငယ်ဝေးမှသူတို့ကိုလာခေါ်တဲ့ကားပေါ်တက်လိုက်ကြသည်။အဲလိုမှမဟုတ်ရင်သားကအကင်းပါးလွန်းသည်။ချက်ဆိုနားခွက်ကမီးတန်းတောက်တဲ့သူဆိုတော့ရိပ်မိကုန်လိမ့်မည်။သံလွင်နဲ့ကျော်ခန့်ကားပေါ်ရောက်မှ ဟင်း ချနိုင်သည်။သံလွင်တို့ကိုလာခေါ်တဲ့ကားပေါ်မှာdriverရယ်နောက်ထပ်ဂိုဏ်းသားတစ်ယောက်ရယ်အနောက်ခန်းမှာတော့သံလွင်နဲ့ကျော်ခန့်နှစ်ယောက်ရယ်စုစုပေါင်းလေးယောက်ပါသည်။သံလွင်တို့ကားရဲ့နောက်မှာနောက်ထပ်ကားနှစ်စီးထပ်ပါသည်။ထိုကားတွေထဲမှာလဲသူတို့ဂိုဏ်းသားတွေပင်ဖြစ်သည်။ကားအမဲလေးသုံးစီးကScorpion gangရှိတဲ့အဆောက်ဦဘက်ကိုမောင်းသွားသည်။သူတို့နယ်မြေထဲရောက်တော့သံလွင်ကအကုန်လုံးကိုသတိရှိရှိနေဖို့စကားပြောစက်ကနေတစ်ဆင့်မှာလိုက်သည်။ဂိုဏ်းသားတွေလဲသံလွင်ပြောတဲ့အတိုင်းသတိရှိရှိနဲ့ဘေးဘီဝဲယာကိုကြည့်နေသည်။တဖြည်းဖြည်းနဲ့သတိုးရာဇာတို့အဆောက်ဦထဲဝင်လာပြီးကားရပ်လိုက်တော့အကုန်လုံးကသေနတ်ရှည်တွေကိုကိုင်ကာသတိအနေထားနဲ့နေကြသည်။သံလွင့်ဂိုဏ်းသားတွေအကုန်လုံးကျည်ကာတွေဝတ်ထားကြပြီးခါးမှာလဲသေနတ်အတိုနှစ်လက်တစ်ဖက်စီချိတ်ထားတဲ့အိတ်ကိုပတ်ထားကြသည်။သံလွင်ကတော့လည်ပိတ်လက်ရှည်အပေါ်မှာကျည်ကာဝတ်ထားပြီးသံလွင့်ခါးမှာလဲတခြားဂိုဏ်းသားတွေနည်းတူသေနတ်အတိုနှစ်လက်ပါတဲ့အိတ်ကိုပတ်ထားပြီးstyle pantအနက်ဝတ်ထားကာဆံပင်ရှည်‌ကိုစုစည်းထားသည်။ဒါပေမဲ့သံလွင့်လက်ထဲမှာတော့သေနတ်အတိုသာကိုင်ထားသည်။ကျော်ခန့်ကလဲသူ့bossနည်းတူပင်ဝတ်ထားသည်။သံလွင်ကလက်နဲ့အချက်ပြလိုက်တော့ဂိုဏ်းသားတွေစတင်လှုပ်ရှားကြသည်။ဂိုဏ်းသားနှစ်ယောက်ကအပေါက်မှာစောင့်နေတဲ့နှစ်ယောက်ကိုအသံတိတ်တိုက်ခိုက်လိုက်ကြပြီးအထဲကိုဆက်ဝင်လာသည်။အထဲကိုရောက်တော့ကျန်တဲ့သံလွင့်ဂိုဏ်းသားတွေကတခြားသူတွေကိုရှင်းပြီးသံလွင်ရယ်ကျော်ခန့်ရယ်ကတော့သတိုးရာဇာရဲ့ရုံးခန်းလို့သတ်မှတ်ရတဲ့အခန်းထဲကိုတံခါးကိုခြေထောက်နဲ့တွန်းကာဝင်လိုက်သည်။အထဲရောက်တော့သူတို့ပစ္စည်းတွေကိုတွေ့လိုက်ရပေမဲ့သတိုးရာဇာကိုတော့မတွေ့ရပေ။သံလွင်ကကျော်ခန့်ကိုပစ္စည်းတွေယူဖို့အချက်ပြလိုက်တာနဲ့ကျော်ခန့်ကပါလာတဲ့အိတ်ထဲကိုပစ္စည်းတွေထည့်နေလိုက်သည်။ထိုအချိန်မှာပင်သံလွင်တို့အနောက်ကိုလူတစ်ယောက်လာတယ်လို့ခံစားရတာနဲ့သံလွင်အနောက်ကိုလှည့်ကြည့်လိုက်တော့သတိုးရာဇာကသေနတ်နဲ့သူတို့နှစ်ယောက်ကိုချိန်ထားကာခလုတ်ကိုဆွဲလိုက်သည်။

My son become my husbandWhere stories live. Discover now