အပိုင်း ၂

139 5 0
                                    

သံလွင်တို့ကလေးကိုခေါ်ပြီးအိမ်ကိုရောက်လာကြသည်။အိမ်ထဲရောက်တော့အကိုကြီး၊မေမေနဲ့ယောက်ဖတို့ကထိုင်ပြီးစကားစမည်ပြောနေကြသည်။သံလွင်တို့ဝင်လာတာမြင်တော့အကိုကြီးက

"ဟော ပြန်တောင်ရောက်လာပြီလားမင်းမြတ်"

"‌ဟုတ် ရောက်လာပြီအကိုကြီး"

"လက်ထဲကဘာလေးတုန်းကိုလေးရဲ့"

အလင်းငယ် ကိုလေးလက်ထဲမှာကိုင်ထားတာဘာလေးလဲသိချင်၍မေးလိုက်သည်။

"ဒါလား  ယောက်ဖရဲ့တူလေးလေ အကိုကြီးနဲ့‌ယောက်ဖရဲ့တူ  မေမေရဲ့မြေး၊ ကျုပ်ရဲ့သား"

"ဘာ"
"ဘယ်လို"

သံလွင်မိတ်ဆက်ပေးလိုက်တော့မေမေတို့အကုန်အံ့ဩကုန်ကြသည်။

"မေမေပဲမျိုးဆက်လိုချင်နေတာမလား ကျုပ်ယူပေးလာတယ် ဒီကလေးကသံလွင်မိသားစုရဲ့လုပ်ငန်းတွေ စီးပွားရေးတွေအကုန်ဆက်ခံမယ့်မျိုးဆက်  ဟောဒီကမင်းမြတ်သံလွင်ရဲ့သားပဲ"

"သံလွင် ဘာတွေလျှောက်လုပ်နေတာလဲသား"

"လုပ်သင့်တာလုပ်နေတာပါမေမေ ရော့ဒီမှာ မေမေလက်ခံချင်လဲနေ လက်မခံချင်လဲနေ ဒီကလေးကကျုပ်ရဲ့သားဆိုတာတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး"

"သံလွင် ငါပြောတာအဲလိုမဟုတ်ဘူးလေ  အဲလိုလုပ်စေချင်တာမဟုတ်ဘူး ငါကငါ့သားရဲ့သွေးသားကိုပြောတာ ဒီလို‌သံလွင်မိသားစုရဲ့သွေးတစ်စက်မှမရောတဲ့ကလေးကိုပြောတာမဟုတ်ဘူး ဒီလိုကလေးကိုလဲငါကဘာမှဦးစီးခိုင်းမှာမဟုတ်ဘူး"

"မေမေ‌မတော်နိုင်သေးဘူးလားအဲ့အတ္တတွေ မေမေလဲတစ်ချိန်ကြရင်ဒီပိုင်ဆိုင်မှုတွေကိုအကုန်ထားပြီးထွက်သွားရမှာ သားတို့အကိုကြီးတို့လဲသေရင်ဒါတွေအကုန်ထားခဲ့ရမှာ ကိုယ့်နောက်မပါမယ့်ဟာတွေကိုဘာလို့လောဘကြီးနေဦးမှာလဲ ဒီဘဝမှာဒီလိုနေနိုင်ရင်တော်ပြီလေဗျာ နောက်ဘဝထိသယ်ချင်နေသေးတာလား"

"မင်းမြတ်သံလွင်!"

"ဘာလဲမေမေ မေမေအဲလိုတွေစိတ်ကိုဦးစားပေးလွန်းလို့အကိုကြီးလဲဒီအိမ်ကြီးကနေခွဲထွက်ပြီးပြီ သားကိုပါမမြင်စေချင်နေတာလား"

My son become my husbandحيث تعيش القصص. اكتشف الآن