အသင်းအဖွဲ့ဝင် နံပါတ်၁..

"မင်းဘာလုပ်တာလဲ နံပါတ်၂"

"ငါဒီအတိုင်း ခေါင်းဆောင်ကို တိုက်ခိုက်ရတာက ဘယ်လိုလဲဆိုတာ သိချင်တာ"

အသင်းအဖွဲ့ဝင် နံပါတ်၂က ရှက်ရွံ့သော မျက်နှာထားမျိုးဖြင့် ​ပြောသည်။

ဖုန်းခေါ်..

"ငြင်းမနေကြနဲ့၊ bossရဲ့ hp barက ဗလာဖြစ်နေပြီ"

သူတို့ကလည်း ဖန်သားပြင်တွင် လှည့်နေသော ဒေါက်တာဝိုင်က "......"အတန်းလိုက်ကို ချန်ထားပြီးနောက် ချက်ချင်းလိုလို ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရသည်။

ဂိမ်း၏ settingတွင် ဝိုင်က ဒီလိုအ​​​ခြေအနေမျိုးတွင် အသတ်ခံရလိမ့်မည် မဟုတ်ချေ။ သူ၏ hp barက ဗလာဖြစ်နေမည်ဆိုလျှင် ပင် အေးစက်မှုနှင့် အထင်သေးသော boss၏ ပုံကို အမြဲတစေ ပြနေပေလိမ့်မည်။

လူက သွားရင်သွားလိမ့်မယ်။ ဒါပေမဲ့ ပစ္စည်းကတော့ နောက်မှာ ကျန်နေခဲ့မှာပဲ။

မြေပြင်တွင် အရည်အသွေးရှိပစ္စည်း လက်တစ်ဆုပ်စာ ကျန်ရစ်ခဲ့သည်။ ဒီတက်ကြွသည့် လှုပ်ရှားမှု၏ "နံပါတ်၉ ကောင်းကင်ဘုံ ပျံသန်းခြင်း မြေခွေး သားရဲ"ဆိုသည့် ထူးခြားသည့် ပစ္စည်းကပင် ကျလာခဲ့သေးသည်။ ထို့အပြင် တစ်​ကြိမ်တွင် ၃ခု ရလာခြင်း ဖြစ်သည်။

အမှန်အတိုင်းဆိုရသော် အသင်းအဖွဲ့ဝင် နံပါတ်၁က မောက်စ်ကို ခပ်ကြမ်းကြမ်း ရိုက်မိနေပြီ​ဖြစ်သည်။ သူက စိတ်လှုပ်ရှားစွာ အော်ဟစ်ကာ အံ့အားတကြီးပြောသည်။

"ဒါက သိပ္ပံနည်းမကျဘူး"

ကျန်းကျိရင်က တစ်ချိန်လုံး တိတ်ဆိတ်နေသည်။ သူက အသင်းchatထဲတွင် မည်သည့်စကားမှ ဝင်မပြောချေ။ အသင်းဖော်များက နောက်ထပ် instanceထဲသို့ ဝင်ရန် တောင်းဆိုလာပြီး ဆက်လက်ပြီး ဝင်ရောက်ကြပြန်သည်။ ဒီတစ်ကြိမ်တွင် အသင်းဖော်များက monstarများကို ရှင်းလင်းပြီး အချိန်တစ်ဝက်ခန့်မကြာခင် ယခင်တစ်နေရာသို့ ပြန်ရောက်သွားသည်။ ဒီတစ်ခေါက် bossကလည်း ယင်ညန်ဖြစ်နေသေးသည်။

ကျန်းကျိရင်က ကွန်ပျူတာရှေ့တွင်ထိုင်ပြီး မောက်စ်ကို ညှစ်ထားသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now