Part 38

440 109 0
                                    

38 01

အပိုင်း(၃၈)

မနက်အစောပိုင်း_ _ _

ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ_ _ _

တပိုင်က သူ၏ဖင်ကို ပွတ်ရင်း သိပ်မဝေးသော နေရာမှ မျောက်တစ်အုပ်ကို ကြည့်သည်။ စိတ်ထဲတွင်လည်း ခပ်ကြမ်းကြမ်း လှောင်ပြောင်နေသည်။

ထို့နောက် မြေပြင်မှ တဖြည်းဖြည်းချင်း ထပြီး ရေကန်နားသို့ သွားနေသည်။ သူက ခေါင်းကို ငုံ့ကာ ရေသောက်သည်။

ထို့နောက် ပန်ဒါဥယာဉ်၏ တံခါးကို ပြန်ဖွင့်ကာ အလွန်လန်းသော ခြေလှမ်းများဖြင့် လမ်းလျှောက်ထွက်လာသည်။

ဟွန့် သစ္စာမရှိတဲ့ မျောက်တစ်အုပ်။

အဲ့ဒီ သောက်ကျိုးနည်း အကျဉ်းတန်တဲ့အကောင်က ဘာတွေများ တော်နေလို့လဲ။

ဘေးဘီကို ကြည့်လိုက်ပြီးနောက် မည်သည့် ပျားရည်ခွေးတူဝက်တူကိုမှ မမြင်ရသည့်အခါမှသာ တပိုင်က ဝင်ပေါက်နားသိသို့ ဂရုတစိုက် ကပ်သွားလိုက်သည်။

ဘန်း ဘန်း ဘန်း

လက်မှတ်ရုံတံခါးကို ညင်သာစွာ တွင်းဖွင့်လိုက်ပြီးနောက် တပိုင်၏မျက်နှာတွင် ကောက်ကျစ်သော အကြည့်က ပေါ်လာသည်။

"အိုး"

"ဝါးမျှစ်တွေက ဘယ်မှာလဲ"

ခရက်

ရုတ်တရက် လက်မှတ်ပြတင်းပေါက် အပြင်မှ တောက်ပသော အလင်းက ထွက်လာသည်။ တပိုင်က မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လိုက်သည်။

ထိုအခါ အနက်ရောင် ယူနီဖောင်းကို ဝတ်ထားသော ယူနီဖောင်းက ပြတင်းပေါက် အပြင်ဘက်တွင် ရပ်ပြီး ရက်စက်သော အကြည့်မျိုးဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။

"ဒါက ပန်ဒါကြီးလား။ တအား ချစ်ဖို့ကောင်းတာပဲ"

ဒါရိုက်တာလျိုက ပြတင်းပေါက် အပြင်ဘက်တွင် ရပ်ပြီး အတွင်းသို့ လက်ယမ်းပြသည်။

"မြို့တော်ဝန်ဝမ် ဒါက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံပါ။ ဒါပေမယ့်_ _ _ ကျွန်တော်တို့ ရောက်တာ နည်းနည်း စောသွားတယ် ထင်တယ်"

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now