အပိုင်း(၁၂)
"ဟီး ဟီး"
"ဟီး ဟီး"
ရွယ်ဟောင်ယွီက မနက်အစောပိုင်းကတည်းက သပ်ရပ်စွာ ဝတ်စားလျက် စားပွဲရှေ့တွင် ထိုင်နေပြီ ဖြစ်သည်။ သူက ကွန်ပျူတာပေါ်မှ သတင်း၊ ရီပို့များကို ကြည့်နေပြီး ဆက်တိုက်ရယ်နေသည်။
သူတို့ရဲ့ ပြည်သူနဲ့သဘာဝ ချန်နယ်ကို ပြန်သွားရမယ့်အချိန်ပဲ။ အားလုံးကတော့ အံ့အားသင့်သွားမှာ သေချာတယ်။ ဒါက အစစ်အမှန် တိရိစ္ဆာန်လေ။
ပို၍ဆိုးသည်မှာ သူတို့က ပထမဦးဆုံး တင်ပြသူများ ဖြစ်နေသည်။ ထို့ကြောင့် တိရစ္ဆာန်သခင်ဆိုသော အဆင့်အတန်းနှင့် တစ်သုတ်တည်း တည်ထောင်လိုက်၍ ရသည်။ သူဌေးဆု နောက်ကွယ်မှ အသင်းကလည်း အနာဂတ်တွင် ပို၍များပြားသော တိရိစ္ဆာန်များကို ပြန်လည် ကယ်တင်ပေးနိုင်လိမ့်မည်။
ရွယ်ဟောင်ယွီက ဆုံးဖြတ်လိုက်သည်။ ထိုအချိန်က စတင်ပြီး သူက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံသို့ နေ့တိုင်းသွားပြီး သူဌေးဆုနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရမည် ဖြစ်သည်။
"သူဌေး ရှိုးက တိုက်ရိုက်ထုတ်လွှင့်နေပြီ"
ကင်မရာမန်းက စားပွဲအနောက်မှ ခေါင်းကို ဆန့်ထုတ်လိုက်ပြီး အော်လိုက်သည်။ လူတိုင်းကလည်း ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်နေကြသည်။
"ဟယ်လို အားလုံးပဲ ဒါကတော့ ဟန်ချန်းပြည်သူနဲ့ သဘာဝချန်နယ်ပါ။ ဒီနေ့ _ _ _"
ရွယ်ဟောင်ယွီက ဖန်သားပြင်မှ သူ့ကိုယ်သူ ကြည့်ရင်းပြောသည်။
"ဟွန့် ဒီနေ့ချန်နယ်က ကောင်းကင်ပြာ တိရိစ္ဆာန်ရုံအကြောင်းပဲ ပြောမှာ။ ချင်တျန်းတိရိစ္ဆာန်အတွက်ကတော့ လာနှောက်နေတာလား။ အဲ့ဒီ စက်ရုပ်တိရိစ္ဆာန်နည်းနည်းလောက်ကို သူတို့က ဘာလို့ပရိုဂရမ်တစ်ခု အနေနဲ့ ရိုက်ကူးပေးရမှာလဲ"
မဟုတ်သေးဘူး ချင်တလန်က အဆုံးပိုင်းရှိုးမှာ ပေါ်လာလိမ့်မယ်။ ဒါပေမယ့် သူ့ဘောင်းဘီက ပန်ဒါကြီးကြောင့် အချွတ်ခံရတဲ့ ပုံစံလေ။
တစ်သင်းလုံးကလည်း ဖန်သားပြင်ပေါ်ရှိ ပရိုဂရမ်ကို စိုက်ကြည့်နေကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း၏အမူအယာက တင်းမာသွားသည်။