အပိုင်း(၁၃)
ဆုပိုင်က ဒီနေ့ တိရစ္ဆာန်ရုံကို မဖွင့်ခဲ့ချေ။ သူက အလွန်အလွန် ပင်ပန်းနေခဲ့သည်။ သူက အိပ်ယာနိုးလာသည့် အချိန်တွင်ပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တစ်စစီ ပြုတ်ကျတော့မည်ဟု ခံစားရသည်။ မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုမှတဆင့် အံ့အားသင့်မှုအမှတ် ငါးထောင်ကို ရလောက်တိုင်အောင် ရှိခဲ့သည်။ ဒီနည်းအားဖြင့် အနည်းငယ် ပို၍ရရှိလိုက်ရုံနှင့် နောက်ထပ် တိရစ္ဆာန်အပိုင်းအစ တစ်ခုကို ရရှိသွားမည် ဖြစ်သည်။
ထိုနည်းတူ တိရိစ္ဆာန်ဘာသာစကား ဖန်ရှင်းက ပွင့်လာရန် မျှော်လင့်သည်။ မည်သို့ပင်ဆိုစေ ဆက်သွယ်နိုင်စွမ်းအား မရှိသော အခြေအနေမျိုးက ခက်ခဲလွန်းလှသည်။
ပန်ဒါဥယာဉ်အတွင်းတွင် ထိုင်ရပ်ရင်း ရွှေမြွေက ရစ်ပတ်ထားသည့် တပိုင်က ဒန်းပေါ်တွင် မရပ်မနား လွှဲယမ်းကာ စီးနေသည့်ပုံစံကို ကြည့်နေသည့် ဆုပိုင်၏ခန္ဓာကိုယ်များက လိမ့်တက်လာသည်။
ဒီကောင်ကသာ အရင် မြေကမ္ဘာခေတ်မှာဆိုရင် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်တဲ့ထိ ဓားနဲ့အလွှာခံရမယ် ဟုတ်တယ်မလား။ သူက ဉာဏ်ကောင်းလွန်းနေတာလေးပဲ။
တစ်ညတည်းနှင့် တပိုင်က မည်သို့သော် နည်းလမ်းမျိုးကို အသုံးပြုလိုက်ကြောင်း မသိရချေ။ ရွှေမြွေကပင် အလိုအလျောက်ပင် ညီငယ်လေးတစ်ယောက်ကဲ့သို့ သူ၏နောက်လိုက် ဖြစ်သွားသည်။ ဆုပိုင်က တပိုင်ကို ပေးထားသော နည်းပညာမြင့် အသားအချို့ကိုပင် ဆွဲကာ သူ၏ အကိုကြီးဖြစ်သူကို အရင်ကျွေးသေးသည်။
"အိုး"
"အိုး"
"အိုး"
ကောင်းကင်က မဲမှောင်လာပြီး အရှေ့ရှိနှစ်ယောက်လည်း အချိန်ကောင်းရနေကြောင်း မြင်သောအခါ ဆုပိုင်က စိုးရိမ်မနေတော့ချေ။ နောက်သို့လှည့်လိုက်ပြီး သူ၏ရုံးခန်းအတွင်းသို့ လျှောက်သွားလိုက်သည်။
တစ်ညတာ အနားယူပြီးနောက် မနက်ဖြန်ဆိုလျှင် ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်လောက်လေပြီ။
အမြန်ဆုံး အံ့အားသင့်မှုအမှတ် တစ်သောင်းကျော်ကို စုဆောင်းရမယ်။