ကျန်းကျိရင်က ဘယ်သောအခါကမှ သူ၏ အားနည်းချက် မဟုတ်ခဲ့ပေ။ သူက သူ့ကို အမှန်တကယ် အင်အားကြီးပြီး ပြည့်စုံစေသော တည်ရှိမှုသာ ဖြစ်သည်။

ပြီးပြည့်စုံခြင်းက ခုခံရန် မလိုအပ်သလို အားနည်းချက်လည်း မရှိဟု ဖော်ပြနိုင်ပြီး ရူပဗေဒစက်ကွင်းအတွင်းတွင်ပင် မရှိသော အင်အားမျိုးဖြစ်သည်။ ထိုတစ်ခဏတွင် သူ၏ကိုယ်အတွင်းရှိ သတိပေးချက် အားလုံးက တိတ်တဆိတ် ဖယ်ရှားခံလိုက်ရသည်။

ယင်ညန်က အမြင့်အသစ်တစ်ခုသို့ အဆင့်တက်သွားသည်။ သူက ရွေးချယ်စရာအဖြစ် "သူ့ကိုယ်သူ ပိုပြီး ပြီးပြည့်စုံပြီး အင်အားကြီးအောင်"အသိစိတ်နှင့်ညွှန်ကြားချက် ပေးနေရသော အခြေအနေမျိုး မဟုတ်တော့ချေ။ သူက သူလက်ခံရရှိခဲ့သော ပြင်ပဝန်းကျင်နှင့် အချက်အလက်များအတိုင်း ညွှန်ကြားချက်များကို တိုက်ရိုက်ပေးကာ အခြေအနေကို လိုအပ်သလို ပြောင်းလဲနိုင်လာပြီ ဖြစ်သည်။ ဥပမာအားဖြင့် အစောပိုင်း ညွှန်ကြားချက်က စည်းမျဥ်းများနှင့်အမိန့်များကို ထိန်းသိမ်းရန် ဖြစ်နေခဲ့လျှင် ယခင်စနစ်က ထိုညွှန်ကြားချက်ကိုသာလျှင် လက်ခံပြီး အစပိုင်းကတည်းက ထည့်ထားခဲ့သော စည်းမျဥ်းများနှင့် အမိန့်များအတိုင်းကိုသာ ဆက်လက်ထိန်းသိမ်းထားပေလိမ့်မည်။ သို့သော် ယခုစနစ်ကမူ စည်းမျဥ်းအသစ်များကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်သလို အမိန့်အသစ်များကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်သေးသည်။ ထိုစည်းမျဥ်းအသစ်နှင့် အမိန့်အသစ်များက ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ ယင်ညန်ကို မျက်လုံးကို ဖွင့်လိုက်ပြီးနောက် လက်မောင်းထဲမှ လူကို တစ်ချက် ပြန်နမ်းလိုက်သည်။ သူ၏ အာကာသ စွမ်းရည်ကို ထုတ်သုံးလိုက်ပြီး ကျန်းကျိရင်က နေသော တားမြစ်နယ်မြေအတွင်းမှ ယာယီအိပ်ရာထဲသို့ ခိုးဝင်လိုက်သည်။

သူက အရာအားလုံးကို သိနေရန် ဉာဏ်ကောင်းလွန်းနေခြင်း ဖြစ်သည်။

ကျွမ်းကျင်စွာဖြင့် သူ့ကို သန့်ရှင်းရေးလုပ်ကာ အဝတ်အစားလဲပေးပြီးနောက် ယင်ညန်က ကျန်းကျိရင်ကို အိပ်ရာပေါ်တွင်တင်ကာ ဘေး၌ ဝင်ထိုင်လိုက်သည်။ သူက ကြီးမားသော ပြဿနာတစ်ခုကို သုံးသပ်နေခြင်း ဖြစ်သည်။ ယင်ရှောင်းရှန်းက အနားသို့လာပြီး သူ၏ လက်ကို ရင်းနှီးကျွမ်းဝင်စွာ လာပွတ်သပ်သည်။ ယင်ညန်က ကြောင်လေးကို ကောက်မလိုက်ပြီး အာရုံစူးစိုက်ကာ စိုက်ကြည့်လိုက်သည်။ သူက မသက်မသာဖြစ်စွာ မေးလိုက်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now