Part-6

1.7K 32 0
                                    

{တစ်ကျော့ပြန်}
အပိုင်း(၆)

မိုးသောက်ဝေလီဝေလင်းချိန်မှာတော့အိမ်နှစ်အိမ်မှာအသံတွေဆူညံလျှက်နှင့်ယောက်ယက်ခက်နေကြသည်

"...သားစိုင်း  ပစ္စည်းတွေစုံရဲ့လားသေချာစစ်အုန်း ကျန်ခဲ့ရင်အဝေးကြီးနော်လာယူလို့မရဘူး.."

"...စုံပါတယ်မေမေရဲ့ ဘာတစ်ခုမှမကျန်ဘူး အကုန်အဆင်သင့်ပဲ.."

"....ခတ္တာနဲ့သစ္စာပြီးပြီလားသွားကြရအောင်လေ.."

"...ပြီးပြီမေမေရေလာပြီ.."

"...ကဲ့ လူစုံရင်ကားပေါ်တက်ကြတော့.."
ဒေါ်ဥမ္မာသွင်ပြောတော့အကုန်လုံးကားပေါ်တက်ပြီးအသီးသီးနေရာယူလိုက်ကြသည်ခတ္တာကနောက်ဆုံးမှတက်ဖို့ပြင်တော့နေရာအလွတ်ကြည့်တော့ငယ်လေးနားကလွတ်လို့သွားဖို့ပြင်နေတုန်း

"...ခတ္တာ ကိုကိုဘေးနားလာထိုင်လေ နေရာလွတ်တယ် လာ.."
ကိုယ်ချစ်နေကတဲ့လူကခေါ်ကာမှတော့ဘယ်သူကငြင်းပါ့မလဲမဟုတ်ရင်တောင်တူတူထိုင်ချင်ကြတာမဟုတ်လား

"...ဟုတ်ကဲ့လာပြီကိုကို.."ကိုကို့နားရောက်တော့ဖုန်းထုတ်ကြည့်လိုက်တော့4:00ပဲရှိသေးတာမို့အိပ်ရန်ပြင်လိုက်သည်

"...အကုန်စုံပြီဆိုရင်ကားထွက်ပြီနော်.."
ထို့နောက်ကားလေးဟာလူချမ်းသာရပ်ကွက်ကနေတစ်ရိပ်ရိပ်နဲ့ထွက်ခွာလာခဲ့ပြီးအမြန်လမ်းမကြီးဆီဦးတည်လာခဲ့သည်
ကားထွက်ချိန်မှာခတ္တာက​တော့သီချင်းဖွင့်ပြီးနားကြပ်တပ်ပြီးအိပ်ဖို့ပြင်နေတုန်းကိုကိုက

"...ခတ္တာအိပ်ဖို့လား သီချင်းရောနားထောင်မလို့လား ဘာသီချင်းလဲ.."

"...8Letter..သီချင်းကိုကို ဘာဖြစ်လို့လဲ..."

"...ဘာမှမဖြစ်ပါဘူး အိပ် အိပ် ကိုကိုလည်းအိပ်တော့မယ်..."
ထို့နောက်တော့ကားမောင်းတဲ့လူကလွဲ၍အကုန်တိတ်ဆိတ်ပြီးအိပ်မောကျကုန်ကြသည်

မနက်ခင်းနေရောင်ပွင့်လာတော့မှကားပေါ်ကလူတွေအသီးသီးနိုးနေကြညကုန်ပေမဲ့ကာလနဂါးနဲ့အမျိုးတော်လေသလားအောင်းမေ့ရတဲ့သူနှစ်ယောက်ကတော့တုပ်တုပ်တောင်မလှုပ်သေးပေ

တစ်ကျော့ပြန်(Completed)Where stories live. Discover now