{တစ်ကျော့ပြန်}
အပိုင်း(၁၇)
နေရောင်တွေအခန်းထဲထိုးဖောက်လာတာနှင့်အတူ စားပွဲပေါ်မှနာရီကလည်းAlarmပေးထားတာကြောင့်တုန်ခါပြီးဆူညံနေသည်
ခတ္တာ နာရီအားပြန်ပိတ်ပြီးမျက်လုံးမှိတ်နေစဥ်
ဟာ ငါဒီနေ့အလုပ်စဝင်ရပြီ အမြန်ပြင်မှပဲ
ပြောရင်းကုန်းထပြီးရေချိုးခန်းထဲပြေးဝင်လိုက်တော့သည်
မျက်နှာသစ်ရေချိုးပြီးကိုကို ဟိုနေ့ကပေးထားတဲ့ယူနီဖောင်းအားထုတ်လိုက်လေသည်
"...ဟယ် လှလိုက်တာဝတ်စုံလေးက ငါနဲ့လိုက်မယ် အဟိ.."
ခတ္တာ ကိုကိုပေးတဲ့ယူနီဖောင်းအားကြည့်ရင်းသဘောကျစွာပြုံးလိုက်သည်
ယူနီဖောင်းမှာပေါင်လယ်စကပ်တိုအနက်ရောင်နှင့် အကျီင်္ အဖြူလက်ရှည်ကိုမှ SA Companyဆိုသည့်တံဆိပ်လေးပင်ပါလိုက်သေး
အာဏာCompanyမသွားခင်မနက်စာစားရန်အောက်ထပ်သို့ဆင်းလာခဲ့တော့ မနက်စာပြင်နေတဲ့မေမေကသူ့ကိုတွေ့တာနဲ့
"..သားလေးတောင် ပြီးပြီပဲ လာ မနက်စာစားသွားကြအုန်း ပြီးမှအလုပ်တူတူသွားကြမယ်.."
မေမေစကားကြောင့်အာဏာဘေးနားကေနဖြတ်လျှောက်လာတဲ့ဖေဖေက
"...သွင် ရေ မင်းသားကစားနိုင်မှာတောင်မဟုတ်ဘူး မျက်နှာလေးမြင်ရဖို့အပြေးသွားတော့မှာ.."
အာဏာလည်းဖေဖေပြောတဲ့အဓိပ္ပါယ်အားသိနေတာကြောင့်
"..ဖေဖေကလည်းဗျာ မဟုတ်တာတွေ.."
ပြောရင်းသားဖတွေထမင်းဝိုင်း၌ဝင်ထိုင်လိုက်ကြပြီးကော်ဖီသောက်နေတုန်းမေမေကမေးလာသည်
"..ဘယ်သူ့မျက်နှာကိုလဲသားလေး သမီးလေးခတ္တာကိုလား.."
"..ဟာ မဟုတ်ပါဘူးဆိုဗျာ..မေမေကလည်း.."
အာဏာလည်းမေမေရောဖေဖေကပါစနေတာမို့မနေတက်တော့ပေထို့ကြောင့်ဝိုင်းမှကောက်ထလိုက်ပြီး
"..သားတော်ပြီ သွားတော့မယ်ဗျာ.."
ဒေါ်ဥမ္မာသွင်သားဖြစ်သူကိုကြည့်ပြီးသဘောကျစွာရယ်နေလေသည်
ВЫ ЧИТАЕТЕ
တစ်ကျော့ပြန်
Любовные романыUni/Zawgyi Start Date-22/3/2024 End Date-22/4/2024 စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ (ပထမဆုံးရေးသားခဲ့တဲ့Ficလေးဖြစ်တာကြောင့်မသေမသပ်အရေးသားလေးတွေကိုသည်းခံခွင့်လွှတ်ပေးကြပါရှင့်)