အပိုင်း ၁၁

1K 90 2
                                    

တဖြည်းဖြည်း ဂျီမင့် ဗိုက်လေး 5လသို့ ရောက်ရှိလာလေပြီ။ အစားအသောက်သည်လည်း အရင်လို ကောင်းကောင်းမစားနိုင် တော့ဘဲ အချဉ်တွေ အစပ်တွေသာ စားချင်လာသည်။ တော်ရုံ ဆို ခံတွင်းမတွေ့။ ဂျီမင်ကပဲ လူကောင်သေးလို့လားမသိ ဗိုက်က ဘီယာဗိုက်လောက်သာရှိသည်။ hoodie ဝတ်လိုက်လျှင် ဗိုက်ပါ ပျောက်ရောပေါ့။

သို့ပေမယ့်လည်း ကိုယ်အလေးချိန်က သိသိသာသာတက်လာသည်။ ဗိုက်မှာ အကြောပြတ်ရာတွေလည်း ရှိလာ၏။ ဒါကြောင့် Oil တွေ ဝယ်ရအုံးမည်။

နေ့လယ်စာစားရန် အိမ်အောက်ထပ်သို့ ဆင်းလာချိန်၊ လှေကား အောက် ကားယားကားယားဆင်းနေသော ဂျီမင်နှင့် လှေကားပေါ် တက်လာသော Jeon Jungkook နှင့် တည့်တိုးသည်။ Jeon Jungkook က ဂျီမင့်ကိုတွေ့တော့ အနားကိုရောက်လာပြီး ဆွဲ မကာ အိမ်အောက်ထပ်သို့ ချပေးသည်။

"နောက်တစ်ခါ ဆင်းရအဆင်မပြေရင် အခန်းထဲကို နေ့လယ်စာပို့ ခိုင်းလိုက်"

"ဟုတ်"

Jeon Jungkook သည် ဂျီမင့်ကို မှာကြားပြီးနောက် အိမ် ပေါ်သို့ တက်သွားသည်။ လှေကားက ဆင်းရခက်တာတော့အမှန်း ခြေချော်မှာလည်း ကြောက်ရသည်။ သို့ပေမယ့်လည်း အခန်းထဲ ထိ အစားအစာယူစားတာကြီးတော့ အကြိုက်ပါ။ ထမင်းဝိုင်းမှာ အားရပါးရစားတာကမှ အရသာရှိတာပေါ့။

သို့နှင့် ဂျီမင် ထမင်းဝိုင်းသို့ ရောက်လေပြီ။ ဟင်းတွေ အကုန်လုံးက ဖြူဖျော့နေပြီး အချိုတွေဖြစ်သည်။ ထို့ကြောင့် ဂျီမင့်အစာစားချင်စိတ်ဟာလည်းအောက်ဆုံးသို့။

"အန်တီ...အစပ်လေးလုပ်ပေးလို့ မရဘူးလားဟင်"

"အစပ်စားရင် ကလေးအတွက် မကောင်းဘူးလေ"

"ဒါကြီးကြ မစားချင်ဘူးလေ"

"အော်ကွယ်...ဒါတွေက ကလေးအတွက်အာဟာရ ရှိတာတွေကြည့်ပဲ"

"မစားချင်ဘူး"

ဂျီမင် ထိုင်ခုံပေါ် ပျော့ခွေစွာထိုင်လိုက်ပြီး ခြေထောက်တို့ကိုလည်း လှုပ်ရမ်းပစ်လိုက်သည်။ နှုတ်ခမ်းကလည်းဆူ မျက်နှာကလည်းမ ကြည်မလင်ဖြင့် ထမင်းဝိုင်းကို မျက်နှာလွှဲထားသေးသည်။

THE ILLEGAL BABYWhere stories live. Discover now