အပိုင်း ၁၀

1.3K 107 5
                                    


မနက်တိုင်းနိုးထရသည့် နေ့တဒူဝဖြစ်စဉ်အရ ဂျီမင်လည်း နိုးထလာ ခဲ့ပါသည်။ နိုးနိုးချင်း ဂျီမင် ကိုယ့်ဗိုက်ကိုယ်စမ်းမိလိုက်သည်။ တော် သေးတယ် ကလေးရှိသေးလို့။

Jeon Jungkook၏ ကြမ်းရမ်းပုံမှာ ဂျီမင် ကလေးတောင် ထွက်ကျမလားစိုးရတဲ့အထိ။ လန့်စရာလည်းကောင်းသလို သဘောကျစရာလည်း ကောင်းပါသည်။ ဂျီမင့်အတွက် ဒုတိယ မြောက် အတွေအကြုံဟုဆိုရမည်။ နှစ်ကြိမ်လုံးမှာ Jeon Jungkook ၏ကြမ်းရမ်းမှု့ကို မျက်မြင်ထင်ရှားသိခဲ့ရသလို True Alpha တစ်ယောက်ရဲ့ အစွမ်းအစကိုလည်း လက်ဖျားခါ မိပါသည်။

သို့ပေမယ့်လည်း Jeon Jungkook က ကိုယ့်ပါတနာအပေါ် လေးစားမှု့ရှိတယ်ဟု ဆိုရမည်။ ဂျီမင်အဆင်မပြေတဲ့အရာဆို မလုပ်ဘဲ ရလား၊ နာလားဟု မေးပြီး ဂျီမင့်ဘက်ကို ကြည့်ပေးသည်။ လူ မဆန်လောက်အောင် လုပ်တာမျိုးလည်းမဟုတ်။ အပေါက်သာဆိုး တာ ဒါမျိုးကြ လေးစားမှု့ရှိလို့ တော်သေးတယ် ပြောရမည်။

ထိုအခါမှ ထပ်သတိရလိုက်သည်က ဂျီမင်အိပ်နေတာက သူ့အိပ်ရာ ဖြစ်ပြီး ဂျီမင်ရှိနေတာက သူ့အခန်းဖြစ်သည်။ သူ့အခန်းထဲ အခြား သူဝင်ရင် မကြိုက်ဘူးဆိုတဲ့ Jeon Jungkook က မနေ့ညတုန်း က ဂျီမင့်ကို သူ့အခန်းခေါ်လာတာ။ အခုလည်း ဂျီပင့်ကို ပြဿနာရှာ အုံးမလားမသီ။

ထို့ကြောင့် ကိုယ့်အခန်းကိုယ်ပြန်ရန် ကြံကာ ထလိုက်ခါမှ ခါးပေါ် ရှိ လက်ကြီးကို သတိထားမိသည်။ နောက်လှည့်ကြည့်လိုက်တော့ Jeon Jungkook ဖြစ်နေသည်။ ခါးပေါ်က လက်လေးလေး ကြီးကို ဖယ်ရန် မလိုက်ပေမယ့်လည်း မအောင်မြင်။ လက်တစ်ဖက်ကတောင် ဘာလို့အဲ့လောက်လေးနေတာလဲ မသိ။

"အမလေး!"

ရုတ်ချည်း ထို လက်တစ်ဖက် ဂျီမင့်ခါးကိုဖက်ကာ မာတောင့်သော ရင်ခွင်ကြီးထံ ဆွဲထည့်ပစ်သည်။

"အိပ်နေတာ အလိုက်တသိနေမယ်မရှိဘူး။ လှုပ်ရွနေတယ်"

ဂျီမင် ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်မိသည်။ ဂျီမင့်ကို ဘယ်တော့မှ အကောင်းမပြောတဲ့ ဦးလေးကြီး။ အခုလည်း သူ့လက်မောင်း အကြီးကြီးတွေကြား သိမ်းကြုံးဖက်ထားကာ ဂျီမင် gland နား ကို နှာခေါင်းကပ်ပြီး pheromone တွေ စုပ်ယူနေပြန်သည်။ သူ့ pheromone တွေကလည်း ဂျီမင့်နား အပြည့်...။

THE ILLEGAL BABYWhere stories live. Discover now