အပိုင်း ၁၀

Start from the beginning
                                    

"အဟမ်း...ဟို...မနက်ရောက်ပြီလေ ထရမယ်လေ"

"မထနဲ့အုံး...ဒီဘက်လှည့်"

သူ့စကားအတိုင်း ဂျီမင့် သူ့လက်လှည့်လိုက်တော့ နှုတ်ခမ်းကို အတင်းဖိနမ်းပြန်သည်။ ညတုန်းက ပြတ်ထွက်မတတ်နမ်းခံထားရလို့ ဖူးယောင်နေပါတယ်ဆို မနက်ကြ ထပ်နမ်းပြန်တော့ ဂျီမင့်နှုတ်ခမ်း လေး သနားစရာပင်။ ဂျီမင် သူ့မေးဖျားကို အသာတွန်းကာ ရုန်း လိုက်မိသည်။ နှုတ်ခမ်းတွေနာနေပြီလေ။

"ဘာလဲ နံလို့လား"

"ဟုတ်တယ်"

"ဘာနံ့လဲ"

"စီးကရက်အနံ့"

သူလိုချင်တဲ့အဖြေ ရသွားတာမလို့ Jeon က ဟွန်းခနဲရယ်သည်။ ထို့နောက် ထပ်နမ်းရန် ရှေ့တိုးလေတော့ ဂျီမင် နောက်တွန့်လိုက်ကာ ရှောင်လိုက်သည်။

"တော်ပြီ နှုတ်ခမ်းတွေ နာနေပြီ..

"နာနာပေါ့..."

"ခင်ဗျား! ကိုယ်ချင်းစာစိတ်ကို မရှိဘူး"

"ဘာလဲ ကိုယ်ချင်းစာစိတ်က"

"တော်ပြီ။ ဘာမှမဟုတ်ဘူး။ ပြောပြလည်း ရှိလာမှာမှ မဟုတ်တာ"

ဂျီမင် စိတ်ဆိုးကာ ထထိုင်လိုက်သော်လည်း သူက ပြန်ဆွဲချပြီး ဂျီမင့် လည်တိုင်ကို သူ့မျက်နှာတစ်ခုလုံးနဲ့ ပွတ်သပ်ပြီး ရှူရှိုက် နေသည်။ သူ့မေးဖျားက ပေါက်စ နှုတ်ခမ်းမွေးများက ဂျီမင့်လည် ပင်သားနှင့် ပုခုံးတို့ကိုထိတော့ စူးကာ ယားလာ၏။

"ခီ....တော်ပြီ! ယားတယ်...ဟား..ဖယ်.."

"မင်းကိုယ်က ဆပ်ပြာခဲနဲ့တူတယ်။ ပွတ်လိုက်တိုင်းမွှေးနေတာပဲ"

ရုတ်တရက် ဆပ်ပြာတုန်းအပေါ် ဂျီမင်မျက်နှာတပ်ကာ မြင်ယောင် ကြည့်မိရာက အသဲယားစွာ ခေါင်းခါဖြစ်လိုက်သည်။

"ခင်ဗျားက ဘရက်ကြနေတာပဲ ထိလိုက်တိုင်း ကြမ်းနေရော...ပြီး တော့ တစ်ကိုယ်လုံး အမွေးတွေကြည့်ပဲ"

"မင်း ငါ့ခန္ဓာကိုယ်ကို သေချာကြည့်ထားပုံပဲ ဘယ်နေရာက အမွေး အများဆုံးလဲ..."

"ခင်ဗျား! အရှက်မရှိလိုက်တာ...အံ့ကြောင့် အမေက ပြောတာ အရှက်ရှိမှ အကြောက်ရှိတာ အကြောက်ရှိမှ ရိုသေမှု့ရှိတာတဲ့။ ခင်ဗျားက အရှက်မရှိတော့ အကြောက်လည်းမရှိ.."

THE ILLEGAL BABYWhere stories live. Discover now