157: အချပ်ပို ၂

Comincia dall'inizio
                                    

ကိုးခန်းမက ရေသေကိုပြောလာသည်။

"မင်း ဗျူဟာကိုမဖတ်ထားဘူးလား?လူတော်တော်များများက သူတို့ရဲ့အတွေ့အကြုံကို ရှယ်ထားတာကို!သူတို့ပြောတာက အဲ့ဒါက ဝမ်းသွားသလိုနီးပါးခံစားရတယ်တဲ့။ဂိမ်းကုမ္ပဏီကတော့ ငါတို့ကိုလာနောက်နေတာပဲ!"

ရေသေ သည် ကိုးခန်းမကို ရှုပ်ထွေးစွာကြည့်ကာဖြင့်

"မင်းက ဘာလို့ဗျူဟာကိုဖတ်တာလဲ?"

ကိုးခန်းမ: "အပျော်သက်သက်လေ"

ရေသေ က မျက်ခုံးပင့်လိုက်ပြီး "မင်းငါ့အတွက် ဥဥပေးချင်လို့မဟုတ်ဘူးလား?"

ကိုးခန်းမ: "..."

သူတို့စကားပြောနေစဉ်တွင် လူအများအပြားသည် ကြိုးကြာရိုင်း ၏အိမ်အ၀င်ဝသို့ ရောက်ခဲ့ကြသည်။ ရေသေက သူ့ယပ်တောင်ကိုခပ်လျက် ကိုးခန်းမကိုပြုံးကာပြောလာသည်။

"ငါလည်း ကလေးလိုချင်ပေမယ့် လိင်တူစုံတွဲတွေက ဥမပေါက်နိုင်ဘူးလို့ စနစ်က ပြဋ္ဌာန်းထားတယ် နှမြောစရာပဲ"

ကိုးခန်းမ: "ဘာတွေပြောနေတာလဲ?နှမြောစရာလား? တကယ်ကို အပျော်ဖတ်တာဟ မင်းရဲ့ ရိုင်းစိုင်းတဲ့ အတွေးတွေကို ရပ်တန့်ပေးနိုင်မလား?"

ရေသေ က ကိုးခန်းမ ရဲ့ နောက်ကျောကို ပုတ်လိုက်ပြီး "ငါ နားလည်ပါတယ်"

ကိုးခန်းမမှာသွေးအန်လုမတတ်ပင်...

ကြိုးကြာရိုင်းက လင်မယားအခန်းကိုသွားဖို့မစောင့်နိုင်တော့ပဲအလောတကြီးပြေးတော့သည်။လွင့်မျောတိမ်တိုက်သည်လည်းတပ်ကြပ်မကွာလိုက်လာခဲ့သည်။

လူတိုင်းကတိတ်တဆိတ်ရပ်နေခဲ့ကြသည်။"ငါတို့ကြည့်လို့ရမလား" ဟု အဆက်မပြတ်မေးနေတာဆိုလို့ ရှူကျီးကျာ့လန်သာရှိလေရဲ့။

ကိုးခန်းမက သူ့ဒေါသတွေကို ရှူကျီးကျာ့လန်အပေါ် လွှတ်ထုတ်လိုက်သလိုမျိုး ရှူကျီးကျာ့လန်ရဲ့တင်ပါးကိုကန်လိုက်သည်။

"မင်းရူးနေလား?ဘယ်သူကသူတို့ကလေးမွေးတာကိုကြည့်ခွင့်ပေးမှာတဲ့လဲ?"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Dove le storie prendono vita. Scoprilo ora