Chapter 82📚

902 164 1
                                    

Chapter 82

ထမင်းစားပြီးနောက်၊ ချီရှင်းချန် သူတို့​နှစ်ယောက်ကြား ဆက်ဆံရေးက ရှင်းရှင်းလင်းလင်းဖြစ်သွားသောကြောင့် စိတ်အေးလက်အေးဖြစ်သွားသည်။လျန်ကျင်းကို S City ကစျေးကို လိုက်ပို့ရန် သူစီစဉ်ခဲ့သည်။

လျန်ကျင်းက အလုပ်ကိစ္စနှင့်ခရီးထွက်စရာရှိသည်ဟုဆိုရာ ငြင်းဆိုသောကြောင့် လျန်ကျင်းကို ဟိုတယ်ကိုပဲ ပြန်ပို့ပေးခဲ့သည်။

ကားထဲက မထွက်ခင် ချီရှင်းချန် ခဏလောက် စဉ်းစားပြီးပြောလိုက်၏။
"ငါတို့က သူငယ်ချင်းတွေပြန်ဖြစ်နေပြီဆိုတော့ မင်းအနာဂတ်မှာ ကြီးကြီးမားမား ဆုံးဖြတ်ချက်တွေမချခင် ငါ့ကိုပြောပြရမယ်"

ဥပမာ- ကျောက်ကပ်လှူတာမျိုး

လျန်ကျင်းက နိုင်ငံခြားသွားခြင်းကို ရည်ညွှန်းသည်ဟု ထင်သောကြောင့် ပြုံးကာ သဘောတူလိုက်သည်။
"ကောင်းပြီ ငါပြောမယ်"

ရာသီဥတုက ပိုပူလာနေသည်။လျန်ကျင်းက ရိုးရှင်းသော အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ရေချိုးဆပ်ပြာရနံ့ သင်းပျံ့နေသည်။ သူ့အပြုံးက သန့်ရှင်းပြီး နူးညံ့၏။

ချီရှင်းချန် မူလပိုင်ရှင်က သူ့ကို ဘာကြောင့် သဘောကျသည်ကို ရုတ်တရက် နားလည်သွားသည်။

ငယ်ရွယ်စဉ်မှာ ဒီလိုလူတစ်ယောက် ပေါ်လာခဲ့ရင် ဘယ်သူမဆို သူ့ကို သဘောကျမိမှာပဲလေ...

ဒီလိုလူက အချစ်ကြောင့် ဝမ်းနည်းမှုတွေနဲ့ သေဆုံးသွားတာမျိုး မဖြစ်သင့်ဘူး...

ချီရှင်းချန်က ထပ်ပြောလိုက်၏။
"မင်း တစ်နေ့မှာ မင်းကြိုက်တဲ့ မိန်းကလေးကို တွေ့ရင်လည်း ငါ့ကိုပြောလို့ရတယ်...ငါမင်းကို အကြံဉာဏ်ကူပေးမယ်"

"… ပညာရေး ပိုအရေးကြီးတယ်...အခုအချိန်မှာ ငါချိန်းတွေ့ဖို့ အစီအစဉ်မရှိဘူး"
လျန်ကျင်းက မျက်လွှာချရင်းဆိုပြီး ကားပေါ်မှဆင်းကာ ချီရှင်းချန်အတွက် တံခါးဖွင့်ပေးသည်။

"ကျေးဇူးပဲ"

သူ (ထောင်ထောင်ဆီက) သွေးဆောင်မခံရဘူးဆိုလျှင် ပိုကောင်းမည်။ချီရှင်းချန် ကားထဲက ဆင်းလာပြီး ယဥ်ယဥ်ကျေးကျေးပြောလိုက်၏။
"ဒီတစ်ခါ မင်းကို ကောင်းကောင်း မဧည့်ခံရဘူး ... ငါတို့ H City ပြန်ရောက်ရင် မင်းကို ကောင်းကောင်းဒကာခံပါ့မယ်"

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now