Description

18.2K 1K 25
                                    

Title -  After Transmigrated into a Book, I’ve Gained an Entire Family of Cannon Fodder

Description               

                                                                                                                                                                   ချီရှင်းချန်သည် ဖျော်ဖြေရေးနောက်ခံ၀တ္ထုထဲရှိ အမြောက်စာဇာတ်ကောင်ထဲသို့ ကူးပြောင်းလာခဲ့ပြီး အမြောက်စာ မိသားစုတစ်စု ရရှိခဲ့၏။

သူတို့က အမျိုးသားဇာတ်ဆောင်၏ ရှင်းပစ်ခြင်းခံရပြီး သင်္ချိုင်းကျောက်စာတိုင်တွင် နာမည်သာ ပေါ်လာရသူများဖြစ်၏။

ချီရှင်းချန်က လက်ရှိအနေအထားကို နားလည်သောကြောင့် ဇာတ်ကွက်များကို ဖြတ်ကျော်ပြီး သူ့ကမ္ဘာသို့ ပြန်ရောက်ရန် ဆုတောင်းနေရုံသာ တတ်နိုင်လေသည်။

သို့သော် သူ့မိသားစု၏ ပုံစံကို နားလည်သွားသောအခါ...

အမြောက်စာအဖေ : ငါ မင်းအတွက် ကိုယ်ပိုင်လေယာဉ်တစ်စီး ၀ယ်ထားပေးတယ်...လောလောဆယ် ငါတို့မိသားစုပိုင် လေဆိပ်မှာ ရှိနေတယ်...ဒါက မင်း လ၀က်ကစားဖို့ လုံလောက်လား...

အမြောက်စာ အစ်ကိုကြီး: ဒါက ဟောလိဝုဒ်နဲ့ပူးပေါင်းထားတဲ့ ရုပ်ရှင်နဲ့ ဒီနှစ်ရဲ့ အမိုက်ဆုံး IP ဒရမ်မာပဲ...မင်း ကြိုက်တာ တစ်ခုရွေးလိုက်...

အမြောက်စာ ညီလေး: (ပါပါရာဇီ၏ခေါင်းကို ရွှံ့ဗွက်ထဲ ဖိလျက်)ဟမ် ငါ့အစ်ကိုကြီးရဲ့ ဓာတ်ပုံတွေကို တိတ်တိတ်လေး ရိုက်ရဲတယ်ပေါ့...ငါ မင်းကို မီးသင်္ဂြိုဟ်ရုံမှာ နေကို တွေ့ခိုင်းလိုက်မယ်...

အမြောက်စာ ငယ်သူငယ်ချင်း :ရှင်းရှင်းရဲ့ ဘွဲ့ယူပရောဂျက်ကို အင်တာနက်ပေါ်က လူတွေက လှောင်နေကြတယ်ပေါ့...သင်ကြားရေးလက်ထောက်၊ ကျွန်တော် လုပ်ထားတဲ့ ပရောဂျက်တွေကို သူ ကစားဖို့ ပို့ပေးပါရစေ...

ထိုအကြောင်းရင်းများကြောင့် ချီရှင်းချန်က လက်ဝှေ့ယမ်းကာ မျက်ရည်ကျနေလေသည်။

အမျိုးသားဇာတ်ဆောင်ရဲ့ ရှင်းပစ်တာကို ခံရမယ်မလား...ခင်ဗျားတို့ သေခြင်းကို မရှာပါနဲ့...ကျွန်တော်ပဲ အစား‌သေပေးမယ်...

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now