Chapter 40📚

2.7K 447 7
                                    

Chapter 40

ချီရှင်းချန် လက်ဆောင်ကို အတင်းအကြပ်လက်ခံလိုက်ရလေသည်။

ဖခင်ဖြစ်သူမှာ ဝယ်ယူပြီးပြီဖြစ်သည့်အတွက် ချီရှင်းချန် လက်ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ မဟုတ်ပါက ပိုင်ရှင်၏ညွှန်ကြားမှုမပါဘဲ ရေနေသတ္တဝါများမှာ ငတ်သေသွားရပေလိမ့်မည်။

" ဒုတိယသခင်လေး… ဒါကတော့ အဓိကထိန်းချုပ်ခန်းပါ… ဒါကတော့ အလည်အပတ်သွားလို့ရတဲ့စင်တာဖြစ်ပြီး ဒါက…"

" ကျွန်တော့်ကို ဒုတိယသခင်လေးလို့မခေါ်ပါနဲ့…"

ချီရှင်းချန် မြေပုံတစ်ချပ်ကိုင်ကာ တတွတ်တွတ်ရှင်းပြနေသည့်မန်နေဂျာကို ကြားဖြတ်ပြောလိုက်သည်။

" အိုး… ဟုတ်တာပေါ့.. ချီစီအီးအိုလေး…"

မန်နေဂျာမှာ ဆက်ပြောလာသည်

" ဒါကတော့ ငှက်တွေရဲ့ပန်းခြံပါ…ဒါက ရေနေသတ္တဝါပြတိုက်… ဟုတ်သား ချီစီအီးအိုလေး နောက်အပတ်ကြာရင် ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က ဝေလငါးပြတိုက်နေရာကို ငှားချင်တယ်ဆိုလို့ တစ်လလောက်တော့ ဝေလငါးပြတိုက်ကို ပိတ်ထားရလိမ့်မယ်…သူဌေးနဲ့သင့်ရဲ့ဖခင်တို့က ဒီအကြောင်းကို ဆွေးနွေးပြီးကြပါပြီ…"

ချီရှင်းချန်မှ " ကျွန်တော်သိပါပြီ… ဒါပေမယ့် ကျွန်တော့်ကို ချီစီအီးအိုလေးလို့လည်း မခေါ်ပါနဲ့…"

မန်နေဂျာမှ အမှားလုပ်မိသလို ခံစားသွားရသည် " ဒါဆိုရင် ကျွန်တော် ဘယ်လိုခေါ်ပေးရမလဲဟင်…"

ချီရှင်းချန် ခဏမျှစဉ်းစားလိုက်ပြီးနောက် ဝန်ထမ်းများကို ခက်ခဲအောင်မလုပ်ချင်သည့်အတွက် ပြောလိုက်ရသည် " နောက်ကြရင် ကျွန်တော့်ကို မသိသလိုပဲ ဟန်ဆောင်ပေးပါ… ကျန်တာကတော့ ကြိုက်သလိုခေါ်လို့ရပါတယ်…"

" ကောင်းပါပြီ ချီစီအီးအိုလေး…"

လွှဲပြောင်းယူရသည့်ကိစ္စများအပြီးတွင် ချီရှင်းချန် မန်နေဂျာကို သူ့အားဝေလငါးပြတိုက်နေရာသို့‌ ခေါ်သွားပေးရန် ပြောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ နောက်တစ်လအတွင်း သူနေရမည့်နေရာဖြစ်နေလေသည်။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now