နူးညံ့လှသည့် ပန်းပွင့်များက ရေခဲကြောင့် အပိတ်ခံထားရသဖြင့် အလှပဆုံး အလန်းဆန်းဆုံး တစ်ကဏ္ဍတွင်သာ တည်ရှိနေကြသည်။ ပွင့်ချပ်တစ်ခုချင်းဆီပေါ်မှ ရေစက်များကိုပင် ထင်ထင်ရှားရှား မြင်နိုင်နေသေးသည်။ ပန်းပွင့်၏ ရိုးတံများကို လှပလွန်းသော ရွှေရောင်နှင့် ငွေရောင် နှစ်ရောင်တွဲ ဖဲပြားဖြင့် ခမ်းနားစွာ ချည်ထားလေသည်။ အပေါ်တွင်လည်း " ထူးခြားတဲ့မင်းအတွက် ချီးရှီပွဲတော်က အထူးချစ်ခြင်း၊ မနက်ဖြန်ရဲ့ အထူးသီးသန့် အချစ်ရဆုံး နှင်းဆီပန်း"။

ဒါက ချီးရှီပွဲတော်အတွက် ထိုနှစ်က အထူးလုပ်ပေးခဲ့သည့် တာဝန်မှ နှင်းဆီပန်းဖြစ်ပြီး သူက အင်အားအများကြီး စိုက်ထုတ်ကာ ရအောင်ယူလျက် ယင်ညန်ကို ပေးခဲ့သည်။

ထို့ကြောင့် ယင်ညန်က သူမသိအောင် ဒီနေရာတွင် ဖုံးကွယ်ထားခြင်း ဖြစ်လောက်သည်။

ကျန်းကျိရင်က တစ်ခဏခန့် မှင်တက်သွားပြီးနောက် အနည်းငယ်သော အေးစက်မှုကို ခံစားလိုက်ရသည်။ ထို့နောက် အလွန်အမင်း ရင်းနှီးသော အသံက နောက်မှ ထွက်လာသည်။

"မင်းက ဒီနေရာမှာ ဘာလာလုပ်နေတာလဲ၊ ဒါက မင်းရှိသင့်တဲ့ နေရာမဟုတ်ဘူး"

အတွေ့ကြုံအများကြီး ရရှိပြီးနောက် ကျန်းကျိရင်ကလည်း တစ်ဖက်သူက ပြောသောစကားကို ကြားလိုက်ရုံဖြင့် သိူ့ကို လွန်ဆွဲချင်စိတ် ဖြစ်လာသည်။ သူ၏အတွေးများကြားတွင် ကျန်းကျိရင်က လျှင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။

သူက သူပြင်ဆင်ထားသော စကားကို စွန့်လွှတ်လိုက်ပြီး အမူအယာကိုပြောင်းကာ တည်​ငြိမ်ချင်ယောင် ဆောင်သည်။

"ငါဒီနေရာကို လာတာက မင်းကို လာနှုတ်ဆက်တာ"

ယင်ညန်က တိတ်တဆိတ် ရပ်နေသည်။ သူက စကားပြောမလာခဲ့ပေ။ ကျန်းကျိရင်က ဆက်ပြောသည်။

"ယင်ညန် အခု မင်းအရမ်းအဆင်ပြေနေတယ်လို့ ငါထင်တယ် ၊ ငါတို့က မတူတဲ့ မျိုးစိတ်တွေပါ၊ ငါတို့အတူ မရှိသင့်ဘူး၊ ငါနဲ့အတူ ရှိခြင်းအားဖြင့် မင်းကမင်းရဲ့ မသိစိတ်နဲ့သဘာဝကို အတိုက်အခံလုပ်နေရလိမ့်မယ်၊ ဒီတော့ ဒီတိုင်း ဒီနေရာမှာပဲ အဆုံးသတ်လိုက်ရအောင်၊ ငါ့ကိုလည်း မသတ်ပါနဲ့၊ ငါ ငါ့ရဲ့လောကကို ပြန်လိုက်မယ်၊ ငါနောက် ဘယ်တော့မှ ပြန်မလာတော့ဘူး"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now