"ဒါပေမယ့် အားလုံးကလည်း လူ့အသိုင်းအဝိုင်း အတွင်းမှာ တိရိစ္ဆာန်တွေကို ပြန်လည်ကယ်တင်ရေး ကဏ္ဍအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ကြမယ်လို့ ယုံကြည်တယ်"

"ငါတို့က နှစ်ထောင်ပေါင်းများစွာ သုတေသန ဆက်တိုက်လုပ်နေခဲ့တယ်။ ငါတို့က ဒီသက်ရှိသတ္တဝါတွေကို ဖန်တီးဖို့ ဘယ်လိုနည်းလမ်းကိုမဆို မတုန့်ဆိုင်းပဲ သုံးခဲ့ကြတယ်။ အားလုံးက ကြမ်းတမ်းတဲ့ စိတ်နေသဘောထားရှိတဲ့ အကောင်ကြီးတွေ ဖြစ်တာကြောင့် ကြောင်တောင်တောင်နိုင်တဲ့ မကောင်းဆိုးဝါးတွေ၊ အသွေးအသားတွေကိုတောင် စားကြသေးတယ်။ နောက်ပြီး ဓာတုဗေဒဓာတ် များလွန်းအားကြီးတဲ့ သတ္တဝါတွေ ဖြစ်လွန်းနေလို့ ဘယ်လိုနည်းနဲ့မှ အစစ်အမှန် တိရိစ္ဆာန်တွေ မဖြစ်လာနိုင်ကြဘူး"

"ဒီနေ့ခေတ်မှာ အဖွဲ့သစ်တစ်ခုက တိရိစ္ဆာန်တွေကို ပြန်လည်ကယ်တင်နိုင်တဲ့ နည်းပညာတစ်ခုကို ဖွံ့ဖြိုးလိုက်နိုင်တယ်"

"ဒါက သမိုင်းကဏ္ဍတစ်ခုကို ဖွင့်လှစ်နိုင်တဲ့ လုပ်နိုင်စွမ်းအား တစ်ခုပဲ"

"ဒီအကြောင်းပြချက်ကြောင့် ငါက လူတိုင်းကို ဒီနေရာကို ဆင့်ခေါ်ပြီး ကြေငြာချင်ခဲ့တာပဲ"

ထိုလူအိုကြီးက ထိုနေရာတွင် စကားကို အဆုံးသတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူသည်။ သူက ဒီနေ့ရက်ကို စောင့်နေခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် သူ၏သက်တမ်းကာလ အတောအတွင်း ထိုနေ့ရက်ကို ကြုံတွေ့ရလိမ့်မည်ဟု မထင်ခဲ့မိချေ။

"တိရိစ္ဆာန် ကာကွယ်စောက်ရှောက်ရေး ဥပဒေကို ပြန်လည် အကောင်အထည်ဖော်မယ်။ နောက်ပြီး ချက်ချင်း အသက်ဝင်စေမယ်။ ဒါ့အပြင် တိရိစ္ဆာန် ကာကွယ်ရေးဌာနကို ဒီနေ့က စတင်ပြီး တည်ထောင်မယ်"

ကလပ် ကလပ် ကလပ်

အားလုံးက လက်ခုပ်တီးကြသည်။ အားလုံးက မတ်တပ်ထရပ်ကြပြီး တစ်ယောက်ချင်းစီတိုင်း၏ မျက်ဝန်းက နီရဲလာကြသည်။ သူတို့က မျက်ရည်များကပင် လျှံကျမတတ် ဖြစ်လာသည်။

"ဒါပေမယ့် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနောက်က အသင်းက လျို့ဝှက်ဆန်းကြယ်လွန်းတယ်။ ဒီတော့ နည်းပညာတွေကို ထုတ်ပြမှာ မဟုတ်ဘူး။ ငါတို့ကလည်း တွန်းအားပေးလို့ မရဘူး။ ဒါပေမယ့် တိရိစ္ဆာန် ကာကွယ်ရေး ဌာနကတော့ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနဲ့ ညှိနိူင်းရလိမ့်မယ်။ သူတို့က မွေးမြူလို့ ရတဲ့ တိရိစ္ဆာန် အသစ်တွေကို ဖွံ့ဖြိုးထုတ်လွှတ် လိုက်နိုင်တာနဲ့

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now