9

779 79 3
                                    

Unicode

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

အပိုင်း ၉


#ကျန်းဝမ်ရဲ့‌ခန္ဓာကိုယ်ပေါ်သွား# ဆိုသည့် စကားလုံးများက ဆိုရှယ်မီဒီယာပေါ်တွင် တဖြည်းဖြည်း hot search ဝင်နေလျက်ရှိသည်။

ကျန်းဝမ်သည် သူမဘယ်သွားသွား၊ဘာလုပ်လုပ် လူစိတ်ဝင်စားခြင်းခံရသော သရုပ်‌ဆောင်တစ်ဦးဖြစ်ပြီး အခမ်းအနားပွဲမှ သူမဓာတ်ပုံများက ဖြန့်ဝေခြင်းခံလိုက်ရ၏။

အသေအချာပင် ကျန်းဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်သွားသည့်ပုံတော့ မဟုတ်ချေ။အားလုံးက စူးထောင်အချိန်မီ ကာကွယ်ပေးနိုင်လိုက်ခြင်းကြောင့် ဖြစ်သည်။

အွန်လိုင်းပေါ်တွင် ကျယ်ပြန့်စွာ ပြန့်နှံ့နေသောဓာတ်ပုံတွင် စူးထောင်၏ မျက်နှာလည်းပါနေ၏။

တချို့ အင်တာနက်အသုံးပြုသူတွေက ကျန်းဝမ်ရဲ့ဘေးမှာရှိနေတဲ့ဝန်ထမ်းက ဘယ်သူလဲ၊ သူမကအရမ်းလှတယ်လို့တောင် မေးခွန်းမေးထားတဲ့စာတိုလေးတွေ ချန်ထားကြသည်။

စူးထောင်၏ အထောက်အထားက မထွက်ပေါ်လာခင်တွင် ရေပန်းစားနေသော အကြောင်းအရာသည် ရုတ်တရက် အရှိန်နှင့် ထိုးကျသွားခဲ့၏။

အနားယူချိန်အတွင်း ကုန်ကျစရိတ်ပြန်အပ်ငွေစာရင်းလုပ်နေသည့် စူးထောင်သည် Weibo ကို ခဏလောက်စစ်ဆေးကြည့်ပြီး ဖုန်းကိုပြန်ပိတ်လိုက်သည်။ တွေးကြည့်စရာပင်မလို ဒါကရှဲ့ကျင်လက်ချက်မှန်း သူမသိနေ၏။

တစ်နာရီပင်မကြာလိုက် PRဌာနမှ လုပ်ဖော်ကိုင်ဖက်အများအပြားက ရှဲ့ကျင်၏ ရုံးခန်းသို့ ရောက်လာကြသည်။  သူတို့၏ မျက်နှာများသည် စိုးရိမ်စိတ်များ ပြည့်နှက်လျက် သေခြင်း၊ရှင်ခြင်းကြားထဲ ဖြတ်သန်းနေရသကဲ့သို့ အားလုံးက ထိတ်လန့်နေကြ၏။

နောက်ဆုံးရောက်လာသူမှာ ကျင်းချွေ့ဝမ် ဖြစ်သည်။

စူးထောင်းလည်း သတိပြုမိသွား၏။ အခုတလော ကျင်းချွေ့ဝမ်သည် တော်တော်လေး အလုပ်များနေပြီး ဌာနတိုင်းကို မေးခွန်းတွေတစ်ခုပြီး တစ်ခုမေးနေသည်။

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး (ဘာသာပြန်) Where stories live. Discover now