Part 24

1.3K 32 0
                                    

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော်
Part 24

"ကွန်ဒို ကို လာခဲ့"

မောင့်ဆီ က message ကို မြင်တာ နဲ့ မြူလွန်း တစ်ခုခု ကို ရင်ဆိုင်ရတော့ မယ် ဆို တာ သိနေခဲ့ပါပြီ။

အိမ်က နေ ကွန်ဒို ကို သွား ဖို့ အောက်ဆင်း လာ ခဲ့ တယ်။

"ကြယ်လေး အပြင်သွားမလို့လား"

"ဟုတ်တယ် အမေ ၊ အေး ဒါ ဆို အမေ့ ph လေး ယူ သွား ပေးပါ၊ ဘာ ဖြစ်မှန်း မသိဘူး ph ပြော ရင်း ကျ ကျ သွားလို့ "

"နောက်မှ  မြူ ph ဆိုင်မှာ မေး ကြည့် ပေးမယ်လေ၊ အခု တော့ မြူ မအားလို့ပါ"

"အေး...အေး ရတယ်၊ သမီး ဘဲ ယူထားပြီး အားမှ ပြပေး ပါ"

မြူလွန်း လည်း ဘာ မှ ဆက် မပြော ချင် တော့ တာ ကြောင့် ကုတ် အကျီ ဘေး အိတ် ထဲ ကို ထိုး ထည့် လိုက်ပြီး မောင့် ဆီ ထွက်လာ ခဲ့တယ်။

အမေ့ ကို ရော မောင်တွေ ကိုရော မောင်က iph နောက်ဆုံးပေါ် တွေ နဲ့ လဲပေး ခဲ့တာ မကြာသေး မီကပါ။

Ph ပြောမရဘဲ  ကျ သွားတာ ph နဲ့ မဆိုင်ဘဲ simcard ကြောင့် ဘဲ ဖြစ်ပါလိမ့်မယ်။

ဟို တစ ဒီတစ အတွေး တွေ က မောင်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင် ရမည့် အသိမှာ ရပ်တန့် သွားပါတယ်။

မောင် ဘာပြောပြော၊ ပြောချင်ရာ ပြော ပေါက်ကွဲ သမျှ ငြိမ်ခံ နေဖို့ သာ တွေးထား လိုက်တယ်။
နာကျင် ရ လည်း ကျိတ်ခံ နေဖို့သာ တွေး ထား လိုက်ပါတယ်။ မောင် ဘာ ဘဲ ပြောပြော မောင် ကျွန်မ ကို သိပ်ချစ် တာ သိနေပြီး သားမို့ အဲဒီ အသိ နဲ့ ဘဲ ခံယူ ဖို့ ဆုံးဖြတ်ထားပါ တယ်။

မောင် ကျွန်မ ကို လက်ဆောင် ပေးထား တဲ့ ကွန်ဒို ကို ရောက် တော့ မောင် ဘယ်လို ပုံ နဲ့ ရှိနေမလဲ သိချင်စိတ် ပြင်းပြ စွာ တစ်ဖက်ကလည်း မောင့်အတွက် စိတ်ပူ လျက် အလောတကြီး ရောက်သွားပေမဲ့ တကယ်တမ်း မောင့် ကို မြင်လိုက်ရတဲ့ အခါ အရိပ်အကဲ ဖမ်း မရ အောင် မောင်က တည်ငြိမ် နေခဲ့ပါတယ်။

"မောင်"

ဆိုဖာ ပေါ် ခြေထောက်ချိတ် ထိုင်နေတဲ့ မောင့် ကို သနားခံ သည့် အကြည့် တွေ နဲ့ ခေါ်လိုက်မိတယ်။

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now