Part 7

1.3K 25 0
                                    

ချစ်သူ ဖန်ဆင်းသော အတ္တနန်းတော်
Part 7

"3ပွဲ စီစဥ် ထားပါတယ် ... လက်မှတ်ထိုးပွဲ၊ မဂ်လာပွဲ ရယ် dinner party ရယ်၊ floral အတွက် ဘာ ပန်း လေး တွေ သုံး ချင်လဲ ဗျ "

Weddings management team ဆီ သွားရောက် စကား ပြော တာ မဟုတ်ဘဲ သူတို့က အိမ်တိုင်ရာ ရောက် လာ တွေ့ ကြတာမို့ ဒီ ပွဲ ဟာ ဘယ်လောက် တခမ်းတနား စီစဥ် မယ်ဆိုတာ သူမ စိတ်ထဲ အလိုလို သိ လိုက်သည်။

သူက တစ်ချက်လှည့်ကြည့်ကာ အသာ မေးဆတ်ပြတယ်။

ထိုအခါ management team က အကို နဲ့ အမ နှစ်ယောက်က သူ့ကို ရိုကျိုးစွာ ကြည့်နေရာ မှ သူမ ဆီ မျက်လုံး တွေ ရောက်လာ ကြတယ်။

"ရပါတယ် အဆင်ပြေတာ သုံးပါ"

"ဝသုန် တို့က မမ တို့ အကြိုက် ကို ဦးစားပေး ပြီးဘာ ဖြစ်ဖြစ် အဆင်ပြေအောင် စီစဥ်ပေး ရမှာပါ၊ သဘောကျ တဲ့ ဒါမှမဟုတ် သုံးချင်တဲ့ ပန်းလေး တွေ ရှိရင် အဓိက ထား ပြီး decorate လုပ် ဖို့ မေးတာပါ ရှင့်"

"ကျူးလစ် နဲ့ lavender ကို အဓိက သုံးစေ ချင်တယ်"

"Aww ဟုတ်ကဲ့ ပါ အကို၊ tulips နဲ့ lavender က ဘယ်ပွဲ အတွက် သုံးချင်တာလဲ အကို"

"ပွဲ အားလုံး အတွက် ပါ ဘာဖြစ်လို့လဲ၊ ပြသာနာ ရှိလို့လား"

"အယ်... ညီမတို့ကတော့ ပြသာနာ မရှိပါဘူး ရှင်၊ ပြောချင်တာ ဒီလိုလေး လေ၊ tulips နဲ့ lavender က local မှာ မရ တော့ နိုင်ငံခြား က မှာ ရ ပါတယ်၊ အကို က ပွဲ အားလုံး အတွက် သုံး မယ် ဆို ရင် floral decoration အတွက် ကတင် တော်တော်လေး သုံး ရ မှာ မို့ပါ၊ အခြား ဧည့်သည် တွေ လို ဒီလိုလေး လည်း သုံးလို့ ရပါ တယ်၊ ဒါက လေ ဝင်ဒီ က အကို နဲ့ အမ အဆင်ပြေအောင် တခြား options လေး တွေ ပြပေး တာ ပါ၊ ဒါလေး ဆို ရင် သူက လက်မှတ်ထိုးပွဲ၊ အတွက် ကြယ်ပန်း နဲ့ tulips ရယ် lavender ရယ် သုံး တယ်၊ စုလျား ရစ်ပတ် မဂ်လာပွဲ အတွက် နှင်းဆီ နဲ့ စံပယ် ပန်း လေး တွေ အဓိက သုံးသွား တယ်၊ dinner party အတွက်က..."

"နေဦး...ညီမ ၊ ကျူးလစ် နဲ့ lavender ဘဲ သုံး မယ် ဘယ်လောက် ကုန်ကုန် ပြသာနာ မရှိ ဘူး၊ အခြားပန်းကို လိုအပ်လို့ ထည့် ရတဲ့ အရံ ဘဲထား ပေး ပါ၊တခြား လူ နဲ့ လည်း မတူချင်ဘူး၊ ပြီးတော့ ဒါဟာ တစ်ခြားလူပွဲ မဟုတ်ဘူး၊ ကျွန်တော့် ပွဲ ...နားမလည်တာ ရှိလားဗျ"

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now