Part 18

1.1K 26 0
                                    

ချစ်သူဖန်ဆင်းတဲ့ အတ္တနန်းတော်
အပိုင်း 18

အိပ်စက်ရခြင်း မှာ အနေအထားက တစ်မျိုး ဖြစ်နေလို့လား မသိ နိုးထ ရခြင်း မှာလည်း ထူးဆန်းနေပါတယ်။ပုံမှန် နိုးထ ခြင်း နဲ့ နိုးထ လာပေမဲ့ ကျွန်မ အောက်က မွေ့ရာ မဟုတ်ဘဲ မောင့်ရင်ခွင် ဖြစ်နေခဲ့တာမလား။

မောင် က ကျွန်မ ကို နောက်ကနေ တစ်ညလုံး သိုင်းဖက်ထား ပေး တာ ကို သိသိချင်း ရင်ထဲ မှာဘယ်လို ဖော်ပြ ရမှန်း တောင် မသိ လောက်အောင် ကျေနပ် ကြည်နူး မှုကို ခံစား လိုက်ရ တယ်။

မောင် က မြူလွန်း ကိုတော့ စိတ်ပူရှာသား ဘဲ ဆို တဲ့ အသိ ဟာ အင်မတန် ရင်ခုန် စိတ်လှုပ်ရှား စေပါတယ်။ ဒီ ယောကျ်ား ရဲ့ ချစ်ခြင်း တရား ကို တဖြေးဖြေးချင်း နားလည်သလို ရှိလာတဲ့ အခါ ကိုယ်တိုင် နစ်ဝင် စီမျော လာမိတယ်။

ပြောကြသလိုဘဲ မေတ္တာ ပေး ရင် မေတ္တာ ရတယ် တဲ့၊ မောင် အပေါ် ကျွန်မ စိတ်ခံစားချက် တွေ ပြောင်းလဲ လာတာလည်း အဲဒီ အတိုင်းဘဲ နေမှာ။

ခုလည်း ကြည့်ပါအုံး ဒေါသတွေ ထွက် နေရင်း နဲ့ တောင် နေမကောင်း တဲ့ မိန်းမ ကို ပစ်မထား ဘဲ တစ်ညလုံး ရင်ခွင်ထဲ ထည့်ဖက်ထား ပေး ပြီး ငုတ်တုတ် အိပ် နေတဲ့ ယောကျ်ား ကို ဘယ်လို အသည်းမာ တဲ့ မိန်း မကများ မချစ်ဘဲ နေနိုင်မှာ တဲ့လဲ မောင်ရယ်။

ကျွန်မ ဖြင့် သူ့ အပြုအမူ တွေ အောက် မှာ ကျရှုံး ရပါတယ်။

"မြူ နိုးပြီလား"

"အင်း"

သူ က ထိုင်လျက် မြူလွန်း ကို ဖက်ထားပေးနေရာ ကနေ အညာ ဆန့် ပြီး ခါး ကို ချိုးလိုက်တယ်။
တစ်ညလုံး ဆိုတော့ သူ အများကြီး ညောင်းနေရှာ မှာ။

ထို အတွေး ဖြင့် ထ လိုက်ပေမဲ့ သူ က လှဲ လျက်သူ့ ရင်ခွင်ထဲ ဆွဲ ချ ပြီး ပြန်ဖက်ထားတယ်။

"စိတ် ပျက်သွားလား"

"ဘာ ကို လဲ"

"ည က..."

"ည က ဘာ ကို လဲ"

"မင်း ကို ကယ်တဲ့ လူ က ကိုယ် မဖြစ်ခဲ့လို့ "

"အဲဒါ ထက် မကယ်ပေး နိုင်ရင် ကယ်ပေး တဲ့ လူ ကို တော့ အသိအမှတ်ပြု ပေး သင့်တယ်မလား"

ချစ်သူဖန်ဆင်းတဲ့အတ္တနန်းတော် Where stories live. Discover now