7.1

0 0 0
                                    

'ကိုယ်နဲ့တွဲမလား??'

ည၁၂ နာရီမှာ အလေးအနက်မရှိသလိုမျိုး ခပ်တိုတိုစာလေးတစ်စောင်မှာ မျှော်လင့်ချက်တွေပါနေတယ်

သိပ်မကြာသေးခင်လေးတင်ကတင် သူမaccမှာ Taylor Swift ရဲ့ Enchanted ဆိုတဲ့ သီချင်းရဲ့ စာသားအပိုင်းအစလေး တင်ထားခဲ့သေးတယ်

အရင်နှစ်ကလိုမျိုး Joyက သူမကို ငြင်းဦးမလားဆိုတာ သူမ တကယ်တွေးနေမိသား
ဒါပေမယ့်လည်း ချစ်ခြင်းတွေကို တစ်သက်လုံးမမြိုသိပ်ထားနိုင်ဘူးပဲမလား?

မနက်ရောက်တော့ စာမေးပွဲခန်းထဲမဝင်ခင် သူမဖုန်းကို တစ်ချက်ကြည့်လိုက်မိတယ်

တကယ်ကို သူ့ဆီက ပြန်စာလေးရောက်နေတယ်
တစ်စောင်တည်း

'ဟင့်အင်း'

အာ… ထင်ထားတဲ့အတိုင်းပဲ သူငြင်းလိုက်ပြန်ပြီ…

'ဟီး အစ်မက စနေတာ … Happy April Fool နော် ကလေးလေး မတွေ့ရတာကြာပြီ…'

ခပ်မြန်မြန်ပြန်ရိုက်လိုက်မိတဲ့ စာကြောင်းရှည်ရှည်က သူမဝမ်းနည်းမိကြောင်းကို ဖုံးကွယ်ဖို့ ဆောင်ရွက်နေမှန်းသိသာများသွားမလား မသိပေမယ့် တစ်ဖက်က ခပ်မြန်မြန်ပဲစာလေးပြန်ပို့လာတယ်

'နေကောင်းပါတယ်'

တစ်ဖက်က စာဆက်ရိုက်နေတုန်းပဲ ဒါပေမယ့် သ်ူစာမေးပွဲဖြေဖို့ အချိန်ကပ်နေပြီမို့ ဖုန်းကို သိမ်းလိုက်ပြီး စာမေးပွဲခန်းထဲဝင်လိုက်တယ် စကားပြောနေရင်း တစ်ဖက်ကို နှုတ်မဆတ်ဘဲ လိုင်းဆင်းတာက ယဉ်ကျေးတဲ့အပြုအမူမဟုတ်တာသိပေမယ့် သူမအခုချိန်မှာတကယ်ပဲ ယဉ်ကျေးချင်စိတ်ရှိမနေဘူး

သူမဖွင့်ပြောဖို့ အတော်လေးအားယူခဲ့ရပြီး ဖွင့်ပြောတဲ့ အကြိမ်တိုင်း Joyက သူမကို မဆိုင်းမတွ ငြင်းတယ် တကယ်ပဲ သူက သူမကို အသိအမှတ်ပြုပုံတောင်မရဘူး

နောက်ဆုံးဘာသာစာမေးပွဲကောင်းကောင်းဖြေနိုင်ဖို့ သူ့အကြောင်းကို ခေါင်းထဲက ထုတ်ဖို့ကြိုးစားပေမယ့် အချည်းနှီးပါပဲ… လောလောလတ်လတ်ပဲသူငြင်းတာခံထားရတဲ့သူမက ဘယ်လိုလုပ်ပြီးအဲ့အကြောင်းအရာကို ချက်ချင်းမေ့ပစ်နိုင်ပါ့မလဲ…

ဒါပေမယ့် လွယ်ကူတဲ့ မေးခွန်းတွေကြောင့် စာမေးပွဲကသူမအတွက် အရမ်းကြီးတော့ အခက်အခဲမဖြစ်စေတော့ဘူး…

စာမေးပွဲခန်းထဲက ထွက်ထွက်ချင်း သူမဖုန်းကို ဖွင့်လိုက်တော့ စာလေး ၂စောင်ရောက်နေတယ်

၂ခုလုံးကို Joyပို့ထားတာပဲ

တစ်ခုက
'တောင်းပန်ပါတယ်'

နောက်တစ်ခုက
'အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်'

You've reached the end of published parts.

⏰ Last updated: Apr 18 ⏰

Add this story to your Library to get notified about new parts!

Joy... Do u Love me?Where stories live. Discover now