3.7

2 0 0
                                    

Joyရဲ့ကျောင်းဖွင့်ရက်မို့ သူမစာလုပ်ရင်း ပျင်းလာတာနဲ့ gameထဲဝင် Joy accလေးဆီ လက်လှမ်းလိုက်တယ်
အနည်းဆုံးတော့ သူ့accလေးငေးရလည်း အလွမ်းပြေမှာပါလေ

ဒါပေမယ့် အဲ့အချိန်မှာ သူမprofileမှာ comment တစ်ခုnotiတက်လာခဲ့တယ်
Ah… ဒါက သူမရဲ့ ရည်းစားဦးဖြစ်ခဲ့တဲ့ အစ်ကိုကြီးဆီက commentတစ်ခုဖြစ်နေခဲ့တယ်…
အဲ့လူဟာ သူမဘဝကို အတော်လွှမ်းမိုးနိုင်ခဲ့ပြီး သူမနောက်ထပ်ရည်းစားထားခဲ့တာတောင် သူ့အပေါ်ချစ်ခဲ့တုန်းကလောက် မချစ်မိတော့ပါဘူး…
သူမဟာ အဲ့လူနဲ့ပတ်သတ်ရင် အမြဲထိရှလွယ်ပြီး အဲ့လူက သူမကို အမြဲလွှမ်းမိုးနိုင်တဲ့သူပေါ့

သူမသူ့ကိုစာပြန်လိုက်တယ်… ဒါပေမယ့် သူက သူမကို မမှတ်မိခဲ့ပါဘူး…

အဲ့အစ်ကိုကြီးက သူမကို Challengeတစ်ခုကြောင့် ချဉ်းကပ်ခဲ့ပြီး ရည်းစားဖြစ်ပြီး၂ရက်အကြာမှာတင် လမ်းခွဲသွားခဲ့တာလေ… တကယ်ကို သူမတို့ချစ်သူသက်တမ်းက ၂ရက်ပဲရှိခဲ့တာ! သူမကတော့ အရူးတပိုင်းဝမ်းနည်းပြီး နာကျင်ခဲ့ရတာပေါ့… သူမထင်ခဲ့တာ အဲ့လူကသာ သူမတစ်ဘဝလုံးမှာ သူမအပေါ်အကောင်းဆုံးလို့ပေါ့… ဒါပေမယ့် သူမဘယ်ထင်ထားမိမှာလဲ…အဲ့လူက သူမကို အကြောင်းအရင်းတစ်ခုကြောင့် အယုံသွင်းနေခဲ့တယ်ဆိုတာကို… သူမက သူနဲ့ပတ်သတ်သမျှ အသေးစိတ်မှတ်မိနေသေးပါတယ်
သူမဘဝရဲ့စိတ်ဒဏ်ရာတစ်ခုဖြစ်ပြီး သူမအများကြီးမျှော်လင့်ထားခဲ့တဲ့ ရည်းစားဦးလည်း ဖြစ်ခဲ့တယ်လေ… သူကတော့ရုတ်တရတ်ပဲ အရာရာမေ့သွားခဲ့တယ်
သူကသူမကို မမှတ်မိလို့တောင်းပန်ခဲ့ပါတယ် သူမတို့ထပ်ပြီးသူငယ်ချင်းတွေဖြစ်သွားကြတယ်

သူမသူနဲ့ရှိနေရင် သူနဲ့ပတ်သတ်ရင် အမြဲ ဘယ်သူ့ကိုမှ မတွေးနိုင်အောင် သူကသာ အရာရာဖြစ်နေတတ်တာပါ… သူမလက်ထပ်ခဲ့မယ်ဆိုရင်တောင် သူ့အပေါ်ထားခဲ့တဲ့ အချစ်မျိုးထက် ဘယ်တော့မှ ပိုရှိလာမှာမဟုတ်ဘူးလို့တောင် သူမစိတ်ဓါတ်ကျစွာ ယူဆခဲ့ပါသေးတယ်

သူမကို ကံတရားက အခွင့်အရေးတစ်ခုပေးခဲ့ပုံပါပဲ
သူမအဲလူအပေါ်ခံစားချက်တွေနဲ့ပတ်သတ်ပြီးစမ်းသပ်ခွင့်ရဖို့ပေါ့…
သူမတို့ထပ်ပြီးသူငယ်ချင်းဖြစ်လာကြပြီ… ဒါပေမယ့် သူမခံစားချက်တွေက ပုံမှန်ပဲဖြစ်နေခဲ့တယ် သူမခံစားချက်တွေအရမ်းကိုတည်ငြိမ်နေခဲ့တယ် သူမမဟုတ်တော့သလိုမျိုး…

သူမ သူ့ကို တကယ်ရင်ထဲက ထုတ်ပစ်နိုင်သွားပြီဆိုတာ သူမအတည်ပြုနိုင်ခဲ့ပြီ
သူမရင်ထဲက အတားအဆီးတစ်ခုကတော့ ပြိုကျသွားခဲ့ပါပြီ
အခု သူမရင်ထဲက ရှင်းလင်းတဲ့ဖြစ်တည်မှုလေးကို သူမသိလာသလိုပါပဲ…

Joy... Do u Love me?Where stories live. Discover now