3.8

5 0 0
                                    

Joyကို မတွေ့ရတာ ရက်တချို့ကြာသွားပြီ… မြင်တွေ့နေကျရက်တွေမှာတောင် Joyက ပုံမှန်မတူစွာ ပျောက်နေခဲ့တယ်
ဘာကြောင့်ဆိုတာ မသိရပေမယ့် သူမမှာလည်း စာမေးပွဲအတွက် အချိန်တွေမလောက်နိုင်တာ သိပေမယ့် အဲ့ဒါက သူမကို တော်တော်လေး စိတ်မသက်မသာဖြစ်စေနေတုန်းပဲ…

Joyက သူမကို သတိမရဘူးလား… အာရ် စိတ်ထိခိုက်လိုက်တာ… Joyကို လွမ်းတဲ့အကြောင်း သူမ gameထဲဝင်ပြီး public chatမှာ ရေးခဲ့တယ်… များပြားလှတဲ့ စာတွေကြားတဲ့ သူမရေးလိုက်တဲ့စာလေးအလွယ်တကူပျောက်ကွယ်သွားတာကို ကြည့်နေခဲ့တယ်
အဲ့ဒါက ဘာနဲ့တူသလဲဆိုတော့ ဆုတောင်းစာရေးပြီး မြစ်ထဲမြှောလိုက်သလိုပေါ့…
သူတွေ့နိုင်မှာမဟုတ်မှန်းသိသိနဲ့ အလွမ်းပြေလိုပြေငြား သူမစိတ်ထွက်ပေါက်တစ်ခုအဖြစ် လုပ်လိုက်တာပါပဲ… ဒါပေမယ့် သူမတော်တော်လေးစိတ်ထိခိုက်နေရတုန်းပဲ… သူ့ကိုမြင်ရင်သူမစာကျက်နိုင်တော့မှာမဟုတ်တာသိနေသလို သူ့ကိုမမြင်ရတော့လည်း ဟော သူမ စာမကျက်နိုင်ဘဲ အခုပဲ ပူလောင်နေရပြန်ပြီလေ…

Joyကတော့ Joyပါပဲ သူမစိတ်ကိုနည်းမျိုးစုံနဲ့ကိုလွှမ်းမိုးနေတော့တာ…

5/9/2022

Joy... Do u Love me?Where stories live. Discover now