'2.1'

5 0 0
                                    

Joy လို့ သူမခေါ်ဆိုတဲ့ ကောင်ကလေးက သူမကို မချစ်ဘူး
ဒါပေမယ့် သူမရဲ့ပတ်ဝန်းကျင်မှာပဲ သူအမြဲရှိနေတတ်တယ်…

Joyက သူမကို မချစ်ဘူး
ဒါပေမယ့် သူမ မဟုတ်တဲ့တခြားအမျိုးသမီးတွေကို လှည့်တောင်မကြည့်ပြန်ဘူး

Joyက သူမကိုမချစ်ဘူး
ဒါပေမယ့် သူမစိတ်ဓါတ်ကျဝမ်းနည်းနေတိုင်း သူရုတ်တရတ်သူမနားကို ပိုတိုးကပ်လာလိမ့်မယ်

Joy က သူမကိုမချစ်ဘူး
ဒါပေမယ့် ကောင်းတဲ့တစ်စုံတစ်ခုကို မျှဝေဖို့ဆို သူမကို အရင်ဆုံးသတိရတတ်တဲ့ကောင်လေးပဲ

Joyက သူမကိုမချစ်ဘူး
သူမသဘောမကျတာတွေကိုရွေးလုပ်ပြပြီး သူမအကြိုက်တွေကိုလည်း တိတ်တဆိတ်လေး လုပ်ပေးတတ်သေးတယ်

Joyက သူမကို မချစ်ဘူး…
ဒါပေမယ့် သူမ မရှိတဲ့နေ့ရက်တွေမှာ အဲ့ကောင်လေးက သူမaccလေးထဲ ဝင်ကြည့်ထားလိမ့်မယ်
သူဘယ်တော့မှဝန်ခံမှာမဟုတ်ဘူး သူမကိုစောင့်မျှော်နေခဲ့တယ်လို့

Joyဆိုတာ အဲ့လိုသူမအတွက်သီးသန့်ဖြစ်တည်မှုလေးပေါ့… သူက သူမကို ချစ်တယ်လို့ တစ်ခါမှမပြောခဲ့သလို ပြောလာမယ့်ပုံလည်းမရှိပါဘူး… တစ်ခါတလေမှာ Joyက သူမကို သဘောမကျဘူးလို့ ခံစားမိစေပြီး တစ်ခါတလေမှာတော့ သူမက Joyအတွက် အထူးတလည်ဖြစ်တယ်လို့ ခံစားမိစေတယ်
Joyက သူမကို အမျိုးမျိုးတွေးနေစေတဲ့ကောင်လေးပေါ့…
ဟုတ်တာပေါ့ သူမရဲ့ သည်းသက်ကလေး Joyက အဲ့လိုကောင်လေး…💛

Joy... Do u Love me?Where stories live. Discover now