မာဖီးယားQueen👑စဆုံး

240 3 0
                                    

မာဖီးယား Queen (2022 Fic)
#ဦးငယ်

*************************
အပိုင်း ၁

      အိပ်ရာခုတင်ထက် အိပ်ပျော်နေသော
  လုရင်းနွယ်၏ ဒုတိယ ယောက်ျားတစ်ဦး။

" မောင်တို့ လမ်းခွဲကြရအောင် လုရင်း"

" အဟင်း မောင့်သဘောပါ "

       ထိုစကားအခွန်းတွေနှင့် ထိုးနှက်ခဲ့
ခြင်းကြောင့် နာကျင်နေသေးသော လုရင်း
နှလုံးသား။

    " လု "

"အွန်း နှိုးပြီလား စေသန်"

"လှလိုက်တာ လုရယ်"

"လာပါ ထ"

"ဟွန်"

      စေသန် အံ့အားသင့်ကာ မျက်ဝန်း
တွေ ပြူးလည်နေလေသည်။ မုတ်ဆိတ်
ထူထူလေးတွေအောက်က နှုတ်ခမ်းရဲလေး
လှုပ်ကာ လှုပ်ကာ ပြုံးပုံလေးက ချစ်စရာ။
လက်ကို ဆွဲကာ မျက်နှာအတူတူ သန့်စင်
သည့်တိုင် စေသန်ပြုံးနေဆဲဖြစ်သည်။

"စေသန်"

"ဟွန် ပြောလေ"

"ဒီနေ့ အလုပ်သွားပါနော် စေသန်"

"မသွားချင်သေးဘူးကွာ"

"ရှင်ဟာ ခေါင်းဆောင်တစ်ယောက်လေ"

"ဟင့်အင်း မလိုအပ်ဘူး အခုလို လု
ကို့အပေါ် ချိုသာစွာ ပြောလာတာနဲ့တင်
ပြည့်စုံနေပြီ"

"ရူးလိုက်တာ စေသန်ရယ်"

"ဒါဟာ လုကြောင့်လေ"

       စေသန် ရယ်ပြုံးနေသော နှုတ်ခမ်း
တွေကို လုရင်းနွယ် အနမ်းခြွေလိုက်မိလေ
သည်။ ထို့ကြောင့် စေသန် လုရင်းကို ဖွဖွလေး
ပြန်ဖက်ထားလေသည်။ သည်အချိန်အထိတော့
စေသန်ကို မချစ်မိသေးသော်လည်း
အသည်းပေါက်မတက် ချစ်ခဲ့မိသော သစ္စာမဲ့
ယောက်ျားဟောင်းကိုတော့ သတိရမိဆဲသာ။

           * - * - *

   "အား အဟင့်"

"ရလား မိန်းကလေး"

"ရပါတယ် ဖယ်ပါ ရှင့်လက်တွေ ပေကုန်မယ်"

"အွန်း"

       မှောက်သွားသော ကော်ဖီခွက်လေး
ကြောင့် စားပွဲကို သုတ်ပေးခိုက် ဧည့်သည်
ကို မကြည့်မိ။ မွေးပျံ့သော သင်းရနံ့ကြောင့်သာ
တစ်ချက် ကြည့်မိချိန်။

Normal Fiction သီးသန့်Where stories live. Discover now