ဝေးရပ်မြေမှ ပြန်ခဲ့ပါ🖤စဆုံး

18.7K 148 8
                                    

ဝေးရပ်မြေမှ ပြန်ခဲ့ပါ။

အခန်း ၁

တစ်ချိန်တုန်းကပေါ့။

" အိုသွားပါပြီတော် "
"ဟာ တောင်း တောင်းပန်ပါတယ်ဗျ"

ဟင် ။

မောင် လန့်သွားသော ရင်ခုန်သံကို
သတိဖြင့် ဖိအုပ်လိုက်မိသည်။ စက်ဘီး
ကို စီးနင်းရင်း ဝတ္ထုစာအုပ်ကလေးတို့
ကို သယ်မလာနေသော မိန်းမလှတစ်ဦး
ကို တိုက်မိသည်မို့ ပြာပြာသလဲ ရင်တွေ
ခုန် ၊ နှလုံးတွေ ပူထူကာ စာအုပ်တို့ကို
ကူကဲ့ ကောက်ပေးနေမိသည်။

လွမ်းလိုက်တာ။

ထိုစကားက မောင် လူပျိုစစ်စစ်ဘဝလေး
အတွက် အဦးဆုံး ရင်တွင်းဝယ် ပြောထွက်မိ
လေသော စကား။ နှလုံးသား အချစ်စခန်းဋ္ဌာနေ
က လာလေသော စကား။

"အို ရပါတယ် ဖယ်ပါ"
"ဘာဖြစ်သွားသေးလဲဗျ"

"ရပါတယ် ကျုပ်လေး ဘာမှမဖြစ်ဘူး
တော်ဖာသာ တော် သွားစရာရှိတာ
ဆက်သွားပါ"

"ဟုတ် ဟုတ်ကဲ့ ဒါနဲ့လေ ဟို အစ်မ"
"ဟင်"

စက်ဘီးကလေးနှင့် ကောင်ချောကလေး
ကို ငေးမိသည်နှင့် ဗဒါ တစ်ယောက် စက်ဘီး
ကလေးရှေ့ တည့်တည့်လျှောက်ကာ ဝင်တိုးမိ
သည်မို့ စာအုပ်ကို ကုန်းကောက် ပြေးထမည်
ပြင်လေမှ စကားစ ရှည်လိုလာနေသော ကောင်
ငယ်လေး။ ဘယ်လိုလေးလဲ မသိ။ ဖူးနုနီရဲနေ
သော နှုတ်ခမ်းသားတွေက ယောကျာ်းတန်မဲ့
သိပ်ကို ဝန်တိုချင်စရာ။

" မ အစ်မ ဟို"
"အွန် အင်း အဟင်း"
"ဟိုလေ ဗဒါဆိုတဲ့ စာအုပ်ငှားဆိုင်ကလေး
ကို အစ်မ သိမလား ဗျ"

"ဟွန် အဲ့တာ အစ်မဖွင့်ထားတဲ့ ဆိုင်
ကလေးလေ"

"ဗျာ"
"ဆိုင်က ပိတ်ပြီကွဲ့ အခု မင်းဖတ်ချင်
ရင်တော့ မမ ညဖတ်ဖို့ ဟော့ဒီ သုံးလေး
အုပ်ထဲက ယူသွားလေ"

"မမက သိပ်ကို လှတယ်"

"ဟွင် ဘာပြောလိုက်တယ်"
"ဗျာ ခင်ဗျာ အော် ဟို ဟို မမက
သိပ်သဘောကောင်းတယ် လို့ အဟင်း"

"ကောင်လေးနော် ဘယ်လိုလုပ်မှာလဲ
ငှားသွားမလား"

"ဟုတ် ဟုတ်ကဲ့ မောင် ကြည့်ပါရစေ"
"ဟင် မင်းနော်"
"ဗျာ ဘာလို့လဲ"

Normal Fiction သီးသန့်Where stories live. Discover now