Part-24🔥

967 141 24
                                    

Unicode;

မိမိရှေ့မှာ လဲလျောင်းနေတဲ့ မျက်နှာလှလှလေးကို မျက်တောင်မခတ်တန်းစိုက်ကြည့်နေမိသည်.... ဒီနေ့နဲ့ဆို ဂျင်မေ့နေခဲ့တာ တစ်ပတ်ပြည့်ပြီ.... လမ်းလည်မှာမေ့လဲနေတဲ့ဂျင့်ကို အမှတ်မထင်သူတွေ့မိပြီး အိမ်ခေါ်လာခဲ့ခြင်းဖြစ်သည်။တော်သေးတာပေါ့ ဂျင့်ကို သူတွေ့ခဲ့လို့....

လက်ချောင်းကောက်ကောက်လှလှလေးတွေကို ရေပတ်ဝတ်လေးတိုက်ပေးရင်း အရင်လိုပဲပြောင်းလဲသွားခြင်းမရှိတဲ့ မျက်နှာလှလှလေးကို ငေးမောနေမိသည်....သူသိပ်လွမ်းနေခဲ့ရတဲ့ မျက်နှာလှလှလေး....~ သူအချိန်တွေကြာကြီးငေးကြည့်နေခဲ့ရတဲ့ မျက်နှာလေး။ တစ်ရက်မှမေ့ခဲ့သလို စက္ကန့်တိုင်းလည်းသူသတိရနေခဲ့တာ....

“အင်း.....~~”

‌ထိုမျက်နှာလှလှလေးကိုငေးကြည့်နေရင်းမှ သူမြတ်နိုးရတဲ့နှုတ်ခမ်းဖူးတို့ဆီက လှုပ်ခတ်လာသည့်မို့သူအပြုံးတွေဟာမထိန်းချုပ်နိုင်တော့....

“သတိရလာပြီလား ဂျင်....~ အဆင်ပြေလား..? ခေါင်းမူးနေလား..? ”

“ဟို... ဘယ်သူလဲ..?”

“ဘယ်သူဘယ်ဝါဆိုတာအသာထားပါ ဂျင်နေရတာအဆင်ပြေရဲ့လား နေသာရဲ့လား...?”

“ဂျင်... ဆိုတာ...? ကျွန်တော့်ကိုပြော... အ့...”

“မဖြစ်တော့ဘူး...  ကိုယ်ဆေးတိုက်မယ်နော်...ခဏ..”

ဘဝမှာ ဆေးကျောင်းတတ်ဖြစ်ခဲ့တာကို သူဒီတစ်ခါပဲကျေနပ်ပျော်ရွှင်မိတယ်...သူချစ်တဲ့သူကို ဆေးကုပေးလို့ပြီး အနားမှာစောင့်ရှောက်ပေးလို့သည်မို့ သူသိပ်ကျေနပ်မိသည်...

“သောက်လိုက်နော် ဂျင်...”

သူပေးတဲ့ဆေးတွေကို ဘာတစ်ခွန်းမျှပြောဘဲ သောက်နေတဲ့ဂျင်က တကယ့်ကိုအလိမ္မာအိမ်ပါလေး...

JEALOUS KING 🔥Where stories live. Discover now